ဆိုဖီရဲ့ တာဝန်ပျက်ကွက်မှုအတွက် အားလုံးကို တောင်းပန်ပါတယ်နော်။
ဆိုဖီ ဒီနေ့ချက်မဲ့ဟင်းကတော့ ကုန်းဘောင်ကြီးကြော်နဲ့နည်းနည်း
နည်းနည်းကွဲပြားတဲ့ ဝက်+ငါးပိအစပ်ကြော်ဘဲ ဖြစ်ပါတယ်ရှင်!
ဝက်+ငါးပိအစပ်ကြော်
ဝက်+ငါးပိအစပ်ကြော်အတွက် လိုအပ်သောပစ္စည်းများ
ဝက်သား၃ထပ်သား၃၀၀ဂရမ်၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ငရုတ်သီးအခြောက်၃တောင့်၊
မျှင်ငါးပိအနည်းငယ်၊
ဆားအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်
အချိုမှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊(
သကြားအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ချက်ပြုတ်နည်း
ဝက်သား၃ထပ်သားကို ပါးပါးလှီးထားပါ။
ပဲငံပြာရည်အပြစ်အနည်းငယ်၊ ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်၊
ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ
မျှင်ငါးပိအနည်းငယ်ကို ရေအနည်းငယ်နဲ့စိမ်ထားပေးပါ။
ကြက်သွန်နီဥကြီးတစ်လုံးကိုအခွံန
ကြက်သွန်ဖြူ ၃မွှာကိုလဲအခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ငရုတ်သီးအခြောက်တောင့် ၃တောင့်ကို ၄ပိုင်းဖြတ်ထားပါ။
ဒယ်အိုးထဲသို့ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် ၄ပိုင်းဖြတ်ထားသော ငရုတ်သီးအခြောက်ကို ကြော်ပြီးဆယ်ထားပါ။
ပြီးလျှင်ဒယ်အိုးထဲသို့ မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေေ
အနည်းငယ်နွမ်းလာလျှင် ဆယ်ထားပါ။
ပါးပါးလှီးထားသော ကြက်သွန်ဖြူကိုထည့်ပါ
ကြက်သွန်ဖြူနွမ်းလာရင် ဆယ်ထားပါ။
ပြီးလျှင်ဆီပူထဲသို့ လှီးထားသောဝက်သားများကိုထည့်ပြီ
၃မိနစ်လောက်ဘဲနော်။
ပဲငံပြာရည်အပြစ်အနည်းငယ်၊ ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်၊
ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ
၂မိနစ်လောက်သမအောင်မွှေပေးပါ။
ပြီးရင် ရေဖျော်ထားသော ငါးပိကိုလောင်းထည့်ပါ၊မွှေပေးပါ။
ရေမြုပ်ရုံထည့်ခါ အဖုံးအုပ်ထားပေးပါ။
ရေကုန်ပြီး ဆီသံတဖျစ်ဖျစ် ထွက်လာလျှင်
ကြော်ပြီးဆယ်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ငရုတ်သီးတို့ကိုေ
အနံအရသာနဲ့ပြည့်စုံပြီး ခံတွင်းမြိန်စေမဲ့ ဝက်+ငါးပိအစပ်ကြော်ဟင်းလေးဘဲ ဖြစ်ပါတယ်ရှင်!
မောင်နှမများအားလုံး နှစ်သစ်မှာပျော်ရွှင်အေးချမ်း
2 comments:
လည်လည်လာသွားပါတယ် ဒေါ်ဆိုဖီး) ဆက်တင်ဦးလေ..နော့်
တင်မယ်ညလေးရေ၊ မအားသေးလို့လေ။ နောက်နေ့တွေ ဆက်တိုက်တင်ပေးမယ်နော်!
Post a Comment