Pages

Tuesday, 22 October 2013

ဝေဒနာဟောင်းရဲ့နိဂုံး



အရင်လို ထပ်တူညီမှုတွေ
အရင်လို ပျော်ရွှင်မှုတွေ
ပျက်သုံးရုံမက
ကျိုးပျက်သွားတဲ့ ကတိတွေ
ကျွန်မပေးဆပ်ခဲ့တဲ့ အချိန်တွေအတွက်
ကျွန်မနှမျှောတတ်နေခဲ့ပြီ။
မြိုသိပ်ထိမ်းချုပ်ရတာတွေ
ကန့်သတ်ထားတဲ့အရာတွေ
စည်းမျဉ်းစည်းကမ်းတွေ
တင်းကျပ်လွန်းတဲ့ ဥပဒေသတွေ
ထောင်သား၁ယောက်လိုပါဘဲ။
အရာရာကို စွန့်လွှတ်
အရာရာသာသူ
ရရှိခဲ့တာက နာကျင်မှုတွေ
ရရှိခဲ့တာက ခါးသီးမှုတွေ။
သာမာန် အပျင်းပြေ
စကားစမြည်ပြော သူငယ်ချင်းက
ကန်ဖို့အတွက် စည်းရုံးနေတာလားတဲ့။
ကျွန်မဘဝမှာ မိတ်ဆွေသူငယ်ချင်း မရှိရဘူးတဲ့လားဟင်?
အမှား၁ခုအတွက်
ပေးဆပ်မှုရလာဒ်က
ရင်နဲ့အမျှ မခံစားနိုင်တာမို့
ကျွန်မကို ဒီနေရာမှာဘဲ ထားခဲ့ပါတော့။
သက်ရှိလူသား
သက်မဲ့ခံစားမှုတွေနဲ့
အရာရာကို မတုန်မလှုပ်
ဖိနှိပ်မှုတွေ
ခါးသီးမှုတွေ
အနှိမ်ခံဘဝတွေ
ဒါတွေကို လူရှေ့မှာဟန်ဆောင်
လူကွယ်ရာမှာ အခန်းအောင်းပြီး
မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတဲ့
ကျွန်မဘဝကိုရော
ကိုယ်ချင်းစာခဲ့ဘူးလားဟင်?
ကိုယ်ရွေးချယ်တဲ့လမ်း
ကိုယ်အမှန်ချည်းဘဲမို့
ကိုယ်ထင်တဲ့လမ်းကို
ထင်သလိုသာ ရွေးချယ်လိုက်ကြရအောင်နော်။

0 comments:

Post a Comment