Pages

Monday, 28 October 2013

မလေးစတိုင်ပြည်ကြီးငါးနှင့်ပုဇွန်ချိုချဉ်ကြော်(သို့) Sotong,Udang Masak Manish& Masam (သို့) Sweet & Sour Seafood

မလေးစတိုင်ပြည်ကြီးငါးနှင့်ပုဇွန်ချိုချဉ်ကြော်(သို့) Sotong,Udang Masak Manish& Masam (သို့) Sweet & Sour Seafood

မလေးစတိုင်ပြည်ကြီးငါးနှင့်ပုဇွန်ချိုချဉ်ကြော်တွင် ပါဝင်သောပစ္စည်းများ
ဆီ၂ကျပ်ခွဲသား၊
ပြည်ကြီးငါးအရွယ်တော်၃ကောင်၊
ပုဇွန်အရွယ်တော်၅ကောင်၊
ကြက်သွန်နီအလတ်၁လုံး၊
ကြက်သွန်ဖြူ၂မွှာခန့်၊
ဂျင်းအနည်းငယ်၊
သခွါးသီးအနည်းငယ်၊
နာနတ်သီး အသေး၁စိတ်၊
မျှင်ငါးပိအနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ကော်မှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်နှင့်
ငရုတ်ဆီအနည်းငယ်
တို့လိုအပ်ပါတယ်ရှင်။

ပြင်ဆင်ချက်ပြုတ်ပုံ
်ပြည်ကြီးငါးအရွယ်တော်၃ကောင်ကို အခွံချွတ်၊ခေါင်းဖြုတ် အညစ်အကြေးသန့်စင်ပြီး အရွယ်တော်လှီးကာ အရာပေးပါ။ပုဇွန်အရွယ်တော်၅ကောင်
ကိုလဲ အခွံချွတ်၊ခေါင်းဖြုတ် အညစ်အကြေးသန့်စင်ပေးပါ။ပြီးလျှင် ရေဆေးပြီး အချိုမှုန့်အနည်းငယ်၊ဆားအနည်းငယ်၊နနွင်းအနည်းငယ်တို့နှင့် နယ်ပြီးနှပ်ထားပါ။ကြက်သွန်နီလတ်တစ်လုံးကိုအခွံနွှာရေဆေးပြီး ၄စိတ်စိတ်ထားပြီးမွှာထားပါ။ကြက်သွန်ဖြူ ၂မွှာကိုလဲအခွံနွှာရေဆေးပြီး ထောင်းထားပါ။ဂျင်းလက်အနည်းငယ်ကိုလဲ အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။မျှင်ငါးပိအနည်းငယ်ကို ရေစိမ်ထားပေးပါ။နာနတ်သီး အသေး၁စိတ်နှင့် သခွါးသီးအနည်းငယ်ကို ရေဆေးပြီးအတုံးလေးများ တုံးထားပေးပါ။


ဒယ်အိုးထဲသို့ ဆီ၂ကျပ်ခွဲသားလောက် ထည့်ပြီးအပူပေးပါ။ဒယ်အိုးထဲသို့ ပါးပါးလှီးထားသောဂျင်းကိုထည့်ပါ၊ပြီးလျှင် မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေပေးပါ။အနည်းငယ်နွမ်းလာလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။အနည်းငယ်နွမ်းလာလျှင် အတုံးလေးများ တုံးထားသော နာနတ်သီးနှင့်သခွါးသီး ထည့်ပါ။မီးအနေတော်နှင့် ၂မိနစ်ခန့် ဆီသက်ပြီးလျှင် နယ်ထားသော်ပြည်ကြီးငါးနှင့်ပုဇွန်များကိုထည့်ပြီး ဆီသက်ပါ။
ပြည်ကြီးငါးများ၊ပုဇွန်များကျက်လာသောအခါဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ပဲငံပြာရည်အနည်းငယ်၊ငရုတ်ဆီအနည်းငယ်၊မျှင်ငါးပိရည်အနည်းငယ်နဲ့ ကော်မှုန့်အနည်းငယ်ကိုရေဖျော်ပြီးထည့်ပါ။ ပြီးရင်မြည်းကြည့် လိုတာထပ်ထည့်၊အရသာထပ်မြည်းကြည့်ပြီး အိုးကိုချပါ။ အနံ့အရသာနှင့်ပြည့်စုံသော မလေးစတိုင်ပြည်ကြီးငါးနှင့်ပုဇွန်ချိုချဉ်ကြော်ကို အောက်ပါပုံလေးအတိုင်း မြင်ကြရပါမယ်ရှင်!

ဆိုဖီအခုချက်တဲ့ မလေးစတိုင်ပြည်ကြီးငါးနှင့်ပုဇွန်ချိုချဉ်ကြော်ကတော့ Selangorပြည်နယ်, Jalan Hulu Langkatက Wan Madမလေးစားသောက်ဆိုင်ရဲ့ ချက်နည်းလေး ဖြစ်ပါတယ်။ ချက်နည်းဟာ နေရာဒေသအလိုက် အနည်းငယ်ကွဲပြားမှုလဲ ရှိနိုင်ပါတယ်ရှင်!

ရေးသားသူ - ဆိုဖီ (မြန်မာဆိုက်ဘာမီဒီယာ)

တရုတ်စတိုင် ငါးပေါင်း

ဖန်စီဝိုင်းတော်သားများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါေ
စရှင်! အပတ်စဉ်တပတ်နဲ့တပတ် ဟင်းချက်နည်းတွေ မတူညီအောင် ဖတ်ရတာရိုးအီမသွားအောင် ဆိုဖီကြိုးစားပြီး ရေးသားတင်ဆက်ပေးပါ့မယ်။ ဒီအပတ်အတွက်ကတော့ တရုတ်စတိုင် ငါးပေါင်းလေး ပေါင်းကျွေးဖို့ စိတ်ကူးလေး ရရှိခဲ့ပါတယ်။

တရုတ်စတိုင် ငါးပေါင်း

တရုတ်စတိုင် ငါးပေါင်းအတွက် လိုအပ်သောပစ္စည်းများ

သာလာပီးယားငါးပန်းရောင် ကီလိုဝက်တစ်ကောင်၊
ကြက်သွန်ဖြူ၆မွှာခန့်၊
ဂျင်းအနုအနည်းငယ်၊
နံနံပင်အနည်းငယ်၊
ပဲငံပြာရည်အကျဲအချိုရည်အနည်းငယ်
ဆားအနည်းငယ်၊
ငံပြာရည်အနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်နှင့်
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။


ပြင်ဆင်ချက်ပြုတ်နည်း
  ငါးကို သန့်စင်ပြီး ဓားနှင့်အနည်းငယ် မွှန်းပါ

။ပြီးလျှင် ငံပြာရည်အနည်းငယ်၊ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။

ကြက်သွန်ဖြူ၆မွှာခန့်ကို အခွံနွှာရေဆေးပြီး လေးထောင့်အတုံးသေးလေးများဖြစ်အောင် လှီးထားပါ။ ဂျင်းအနုများကိုလဲ  အခွံနွှာရေဆေးပြီး အချောင်းသေးလေးများဖြစ်အောင်လှီးထားပေးပါ။နံနံပင်အနည်းငယ်ကို ရေဆေးပြီး အနေတော်ညှပ်ထားပေးပါ။

   ဒယ်အိုးထဲသို့ ဆီ၅ကျပ်သားလောက်ထည့်ပါ။ ဆီပူလာလျှင် နနွင်းအနည်းငယ်ကို ထည့်ပါ။ထို့နောက် ပါးပါးလှီးထားသော ဂျင်းအချောင်းလေးများတဝက်တိတိကို ဆီပူတွင် ကျွတ်သည်အထိကြော်ပါ။ ဂျင်းကြော်များကို ဆယ်ပြီးဆီစစ်ထားပါ။ပြီးလျှင် အတုံးသေးလေးများလှီးထားသော ကြက်သွန်ဖြူများကို ထည့်ပြီးကျွတ်အောင်ကြော်ပါ။ ကြက်သွန်ဖြူကြော်များ ကျွတ်သောအခါ ဆယ်ပြီးဆီစစ်ထားပါ။

  ဒယ်အိုးကြီး၁လုံးထဲသို့ ရေများများထည့်ပါ။ ထို့နောက် သံကရွတ်ခွေကိုထည့်ပြီး  သံကရွတ်ခွေပေါ်သို့ စတီးပန်းကန်ပြားကိုတင်ပါ။ စတီးပန်းကန်ပြားပေါ်သို့ နယ်ထားသောငါးကိုတင်ပါ။


ထိုဒယ်အိုးကို စလောင်းဖုံးအကြီးနဲ့အုပ်ပြီး မီးပြင်းပြင်းနှင့်ရေဆူအောင်တည်ပြီးပေါင်းပေးပါ။ ရေနွေးဆူပြီး ၁၀မိနစ်ခန့်ပေါင်းပြီးသောအခါ ငါးကိုတဘက်သို့ လှန်ခါ နောက်ထပ်၁၀မိနစ်ခန့်ထပ်ပေါင်းပေးပါ။ငါးပေါင်းကျက်မကျက်ကို တူနဲ့ထိုးကြည့်ပါ။ ငါးပေါင်းကျက်သောအခါ ပဲငံပြာရည်အကျဲအချိုရည်အနည်းငယ်ကို  ငါးပေါင်းပေါ်သို့လောင်းပါ။ ကြော်ထားသော ကြက်သွန်ဖြူနှင့်ဂျင်းကို ဖြူးပါ။ တဝက်ချန်ထားသောဂျင်းအချောင်းများနှင့်ညှပ်ထားသော နံနံပင်အနည်းငယ်ကို ထပ်ဖြူးလိုက်သောအခါ စားချင်စဖွယ် တရုတ်စတိုင် ငါးပေါင်းကို ယခုကဲ့သို့ ရရှိပါလိမ့်မည်။


လွယ်ကူရိုးရှင်းပြီး ချက်ရတာလဲလွယ်တဲ့ တရုတ်စတိုင် ငါးပေါင်းဘဲ ဖြစ်ပါတယ်ရှင်။တရုတ်စတိုင် ငါးပေါင်းကို ထမင်းဖြူပူပူလေးနဲ့တွဲစားရင်ဖြင့် အလွန်လိုက်ဖက်ညီမှာ အမှန်ဘဲ ဖြစ်ပါတော့တယ်ရှင်။

ကြက်သားနှင့်ကြက်ဥပဲပြားတရုတ်ချက်

ဖန်စီဝိုင်းတော်သားအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်!
ဒီအပတ်ဂျာနယ်အတွက် ဆိုဖီ့ရဲ့ကျွမ်းကျင်ရာ၊လိမ္မာရြာ
ဖစ်တဲ့ "ချက်ပြုတ်ခြင်း အနုပညာ"နဲ့ တင်ဆက်ပေးပါရစေရှင်!
ဒီအပတ်ဂျာနယ်အတွက် ဆိုဖီချက်မဲ့ဟင်းကတော့ ကြက်သားနှင့်ကြက်ဥပဲပြားကို ကော်ရည်လေးနဲ့တရုတ်စတိုင်ချက်မှာ ဖြစ်ပါတယ်ရှင်!

ကြက်သားနှင့်ကြက်ဥပဲပြားတရုတ်ချက်

ကြက်သားနှင့်ကြက်ဥပဲပြားတရုတ်ချက်အတွက် လိုအပ်သောပစ္စည်းများ

ကြက်ဥပဲပြား၃ခု၊
ကြက်သား ၁၀၀ဂရမ်၊
ဆီငါးမတ်သား၊
ဂျင်းလက်တစ်ဆစ်၊
ကြက်သွန်ဖြူ၃မွှာ၊
အချိုမှုန့်အနည်းငယ်၊
ဆား အနည်းငယ်၊
သကြားအနည်းငယ်
ကော်မှုန့်အနည်းငယ်နှင့်
ပဲငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

ကြက်ဥပဲပြား၃ခုကို အနေတော်လှီးထားပါ။
ကြက်သား ၁၀၀ဂရမ်ကို ပါးပါးလှီးထားပါ။
ဂျင်းလက်တစ်ဆစ်ကို  ထောင်းထားပါ။
ကြက်သွန်ဖြူ၃မွှာကို ထောင်းထားပါ။
ကော်မှုန့်အနည်းငယ်ကို ရေဖျော်ထားပါ။



ကြော်နည်း
ဒယ်အိုးထဲသို့ ဆီ၁၀သားလောက် ထည့်ပါ။
ဆီပူလာလျှင် လှီးထားသောကြက်ဥပဲပြားကို အနည်းငယ်ကျွပ်အောင်ကြော်ပါ။


ထို့နောက် ဆီများကိုဖယ်လိုက်ပြီး ဆီငါးမတ်သားလောက်ဘဲ ထားရှိပါ။
ပြီးလျှင် ထောင်းထားသော ဂျင်းများကိုထည့်ပါ။
ဂျင်းများနွမ်းလာလျှင် ထောင်းထားပြီးသားကြက်သွန်ဖြူကိုထည့်ပါ။
နွမ်းပြီးမွှေးလာလျှင်  ပါးပါးလှီးထားကြက်သားများကို ထည့်ပြီး ဆီသက်ပါ။

ကြက်သားကျက်လျှင်  ကော်ရည်အနည်းငယ်ကို လောင်းပါ။

ပြီးလျှင် အနည်းငယ်ကျွပ်အောင်ကြော်ထားသောကြက်ဥပဲပြားကိုထည့်ပါ။

အချိုမှုန့်၊ဆား နှင့်သကြားအနည်းငယ် တို့ကိုထည့်ပါ။
အပေါ့အငံမြည်းပြီး အိုးကိုချပါ။
အနံ့အရသာနှင့် ပြည့်စုံပြီး ထမင်းမြိန်စေမဲ့ ကြက်သားနှင့်ကြက်ဥပဲပြားတရုတ်ချက်လေးပါရှင်!

ကြက်သားနှင့်ကြက်သွန်မိတ်ကြော်

ဖန်စီဝိုင်းတော်သားအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်!
ဆိုဖီရဲ့ ပျက်ကွက်မှုအတွက် အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်နော်။
ဆိုဖီလဲ ဝမ်းရေးအတွက် အလုပ်တွေတော်တော်ပိပြီး မအားလို့ပါရှင်။
အပတ်စဉ်တိုင်း မပျက်အောင် ကြိုးစားပေးပါ့မယ်ရှင့်!

ကြက်သားနှင့်ကြက်သွန်မိတ်ကြော်

ကြက်သားနှင့်ကြက်သွန်မိတ်ကြော်
အတွက် လိုအပ်သောပစ္စည်းများ
့်ကြက်သွန်မိတ်၁စီး၊(၁၅၀ ဂရမ်)
ကြက်သား ၃၀၀ဂရမ်၊(အသားကြိုက်သူများ အသားသီးသန့်သုံးနိုင်ပါတယ်။ ဆိုဖီကတော့ အတောင်ပံတွေဘဲ သုံးထားပါတယ်)
ဆီငါးမတ်သား၊
ဂျင်းအနုလက်တစ်ဆစ်၊
ကြက်သွန်ဖြူ၃မွှာ၊
အချိုမှုန့်အနည်းငယ်၊
ဆား အနည်းငယ်၊
သကြား အနည်းငယ်၊
ငရုတ်ကောင်းမှုန့်အနည်းငယ်၊
ပဲငံပြာရည်အပျစ်အနည်းငယ်၊
ကော်မှုန့်အနည်းငယ်နှင့်
ခရုဆီအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
 
့်ကြက်သွန်မိတ်အပေါ်ပိုင်း အနုများကိုလှီးဖြတ်ပြီး တစ်ရေစိမ်ထားပါ။
့်ကြက်သွန်မိတ်အောက်ပိုင်း အရင့်များကို အခွံချွတ် ရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သား ၃၀၀ဂရမ်ကို ခုတ်ထစ်ရေဆေးထားပြီး ဆား၊အချိုမှုန့်၊ငရုတ်ကောင်းမှုန့် နှင့် အနေတော် နယ်ထားပါ။
ဂျင်းအနုလက်တစ်ဆစ်ကိုလဲ  အခွံခြစ် ရေဆေးပြီး သေးသေးနဲ့ ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ၃မွှာကို ထောင်းထားပါ။
ကော်မှုန့်အနည်းငယ်ကို ရေဖျော်ထားပါ။

ကြော်ချက်နည်း
ဒယ်အိုးထဲသို့ ဆီငါးကျပ်သားလောက် တစ်ထည့်ပါ။
ဆီပူအောင်ထားပြီး နယ်ထားသော ကြက်သားများကို ထည့်ကြော်ပါ။

နည်းနည်းအရေခွံ တင်းလာလျှင် ပဲငံပြာရည်အပျစ်အနည်းငယ်ကိုထည့်ပြီး မွှေပါ။
ပြီးလျှင် ရေမြုတ်ရုံထည့်ပြီး အဖုံးအုပ်ထားပေးပါ။

ရေခန်း အသားနူးသောအခါ ကြက်သားများကို ဆယ်ထားပေးပါ
ဒယ်အိုးထဲသို့ ဆီငါးမတ်သားလောက် ထည့်ပါ။
ဆီပူလာလျှင် ပါးပါးလှီးထားသော ဂျင်းများကိုထည့်ပါ။
ဂျင်းများနွမ်းလာလျှင် ထောင်းထားပြီးသားကြက်သွန်ဖြူကိုထည့်ပါ။
နွမ်းပြီးမွှေးလာလျှင်အချိုမှုန့်၊ငရုတ်ကောင်းမှုန့်၊ဆားနဲ့သကြား တို့ကိုထည့်ပါ။
ပြီးလျှင် ကော်ရည်အနည်းငယ်ကို လောင်းပါ။

ပြီးလျှင် လှီးဖြတ်ထားသော ကြက်သွန်မိတ်အောက်ပိုင်း အရင့်များနှင့် ကြက်သားများကိုထည့်ပါ။

ကြက်သွန်နွမ်းပြီးမွှေးလာလျှင် ခရုဆီအနည်းငယ်ကိုထည့်ပါ။
ထို့နောက် အပေါ့အငံမြည်းပြီး အိုးချခါနီးမှ လှီးဖြတ်ရေစိမ်ထားသော ကြက်သွန်မိတ်အပေါ်ပိုင်း အနုများကိုထည့်ပြီး မွှေပါ။

အဖုံးမအုပ်ပါနှင့် အစိမ်းရောင်မပျက်စေရန် ဖြစ်ပါသည်။
၂မိနစ်လောက်မွှေပြီး အိုးကိုအောက်သို့ချလို့ရပါပြီရှင်။
အနံ့အရသာနှင့် ပြည့်စုံပြီး ထမင်းမြိန်စေမဲ့ ကြက်သားနှင့်ကြက်သွန်မိတ်ကြော်လေးပါရှင်!

တရုတ်စတိုင် ငါးချိုချဉ်ကြော်!

ဖန်စီဝိုင်းတော်သားအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်!
ဒီအပတ်ဂျာနယ်အတွက် ဆိုဖီ့ရဲ့ကျွမ်းကျင်ရာ၊လိမ္မာရြာ
ဖစ်တဲ့ "ချက်ပြုတ်ခြင်း အနုပညာ"နဲ့ တင်ဆက်ပေးပါရစေရှင်!
ဒီအပတ်ဂျာနယ်အတွက် ဆိုဖီချက်မဲ့ဟင်းကတော့ တရုတ်စတိုင် ငါးချိုချဉ်ကြော်ဘဲ ဖြစ်ပါတယ်ရှင်!

တရုတ်စတိုင် ငါးချိုချဉ်ကြော်!
(ဟီး! မြန်မာလို အဲဒီလိုလို့ဘဲ ထင်ပါတယ်)

ငါးချိုချဉ်ကြော်အတွက် လိုအပ်သောပစ္စည်းများ
သာလာပီးယားငါးပန်းရောင် ကီလိုဝက်တစ်ကောင်၊
ခရမ်းချဉ်သီးတစ်လုံး၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ဂျင်းအနည်းငယ်၊
ဆားအနည်းငယ်၊
သကြားအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်
အချိုမှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
တုန်ရမ်းအနှစ် အနည်းငယ်၊
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊
ကော်မှုန့်အနည်းငယ်နှင့်
ငရုတ်ဆီအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။


ချက်ပြုတ်နည်း

ငါးကို သန့်စင်ပြီး ဓားနှင့်အနည်းငယ် မွှန်းပါ။ပြီးလျှင် ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။ ကြက်သွန်နီဥကြီးတစ်လုံးကိုအခွံနွှာရေဆေးပြီး ၄စိတ်စိတ်ထားပြီးမွှာထားပါ။ကြက်သွန်ဖြူ ၃မွှာနှင့်ဂျင်းကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ခရမ်းချဉ်သီးတစ်လုံးကို အနေတော်လှီးထားပါ။




ဒယ်အိုးထဲသို့ ဆီနှစ်ဆယ်သားလောက် ထည့်ပါ။
ဆီပူလာလျှင် နယ်ထားသောငါးကိုထည့်ပြီး ကျွတ်နေအောင် ကြော်ပါ။

ငါးကျွတ်လျှင် ဆယ်ထားပြီး ဆီများကို ခွဲထားပါ။ဒယ်အိုးထဲသို့ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဒယ်အိုးထဲသို့ ထောင်းထားသော ဂျင်းနှင့်ကြက်သွန်ဖြူကိုထည့်ပါ
အနည်းငယ်နွမ်း၍မွှေးလာလျှင် မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေပေးပါ။ အနည်းငယ်နွမ်းလာလျှင် လှီးထားသော ခရမ်းချဉ်သီးကို ထည့်ပါ။တုန်ရမ်းအနှစ် အနည်းငယ်၊ငရုတ်ဆီအနည်းငယ်၊ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊သကြားအနည်းငယ်၊ပဲငံပြာရေအနည်းငယ်နဲ့ ကော်မှုန့်အနည်းငယ်ကိုရေဖျော်ပြီးထည့်ပါ။


 ပြီးရင်မြည်းကြည့် လိုတာထပ်ထည့် အနေတော်ရင် ကြော်ပြီးဆယ်ထားတဲ့ငါးကြော်ပေါ်ကို လောင်းလိုက်ပါ။ ဤကဲ့သို့ ပုံပါအတိုင်းမြင်ရပါမယ်ရှင့်!

ပုဇွန်ထုတ်ပြုတ်ကြော်!

ဖန်စီဝိုင်းတော်သားအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်!
ဒီ၁ခါတော့ ကျွန်မအဆောင်နေ ကျောင်းသူဘဝတုန်းက ၁လ၁ခါ မစားဘဲမနေနိုင်တဲ့ စံရိပ်ငြိမ်က ဓနုဖြူဒေါ်စောရီဆိုင်ရဲ့ ပုဇွန်ထုတ်ပြုတ်ကြော်နည်းလေးပါ။
ကျွန်မကအစပ် မစားရမနေနိုင်သူမို့ ငရုတ်သီးစိမ်းလေး ထည့်ပြီးချက်ထားပါတယ်။
ဓနုဖြူဒေါ်စောရီဆိုင်ကတော့ အချိုချက်လေးပါ။

ပုဇွန်ထုတ်ပြုတ်ကြော်!

ပုဇွန်ထုတ်ပြုတ်ကြော်အတွက် ပါဝင်သောပစ္စည်းများ
ပုဇွန်ထုတ်၆၀၀ဂရမ်၊
ဆီ၅ကျပ်သား၊
ကြက်သွန်နီဥကြီး၂လုံး၊
ကြက်သွန်ဖြူ၅မွှာခန့်၊
ဂျင်းလက်တစ်စစ်လောက်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငံပြာရည် အနည်းငယ်၊
နနွင်းအနည်းငယ်၊
ငရုတ်သီးစိမ်း၉တောင့်နှင့်
ရှမ်းနံနံ အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

ချက်ပြုတ်နည်း
ပုဇွန်ကို ခေါင်းဖြုတ်ပြီး ချေးအိမ်ထုတ်ထားပေးပြီး သန့်စင်ထားပါ။
ကြက်သွန်နီဥကြီး၂လုံးကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၅မွှာကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ဂျင်းလက်တစ်စစ်လောက်ကို အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ရှမ်းနံနံ အနည်းငယ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။
ငရုတ်သီးစိမ်း၉တောင့်ကို အညှာချွေပြီး ရေဆေးပြီး ပါးပါးလှီးထားပါ။






ဒယ်အိုးထဲသို့ ဆီ၅ကျပ်သားလောက်ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ပြီးလျှင် ဒယ်အိုးထဲသို့ ထောင်းထားသော ဂျင်းကိုထည့်ပါ။
အနည်းငယ်နွမ်းလာလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး မွှေပေးပါ။
နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ငရုတ်သီးစိမ်းများကိုထည့်ပါ။

ပြီးလျှင် ပုဇွန်၊ဆားအနည်းငယ်၊အချိုမှုန်
့အနည်းငယ်နှင့် ငံပြာရည် အနည်းငယ်တို့ကို ထည့်ပြီးမွှေပေးပါ။

မွှေးပြီးခြောက်လာလျှင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ခါ ရေခန်းအောင် တည်ပေးပါ။
ရေမကုန်တကုန်အချိန်တွင် အပေါ့အငန်မြည်းပြီး ပါးပါးလှီးထားသော ရှမ်းနံနံကိုအုပ်ပါ။
ဤတွင် ပုဇွန်ထုတ်ပြုတ်ကြော် ချက်ပြုတ်ခြင်းပြီးပါပြီရှင်။

ဝက်+ပဲငါးပိ အချိုချက်(သို့) တရုတ်ချက်

ဝက်+ပဲငါးပိ အချိုချက်(သို့) တရုတ်ချက်
ဝက်+ပဲငါးပိ အချိုချက်(သို့) တရုတ်ချက်အတွက်လိုအပ်သောပစ္စည်း
များ

ဝက်သား၃ထပ်သား၆၀၀ဂရမ်၊
ကြက်သွန်နီဥကြီး၃လုံး၊
ကြက်သွန်ဖြူဥကြီး၂လုံး၊
ဂျင်းအနည်းငယ်၊
ဆားအနည်းငယ်၊
နနွင်းအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်
အချိုမှုန့်အနည်းငယ်၊
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊(အဖြူမရရင် အမည်းကိုလဲ သုံးနိုင်ပါသည်)
ငံပြာရည်အနည်းငယ်၊
သကြားအနည်းငယ်နှင့်
ပဲငါးပိအချို၂ဇွန်း(ထမင်းစားဇွန်း)တို့
လိုအပ်ပါတယ်ရှင်။



ဝက်+ပဲငါးပိ အချိုချက်(သို့)  တရုတ်ချက်ချက်နည်း

ကြက်သွန်နီဥကြီး၃လုံးကို အခွံနွှာ ရေဆေးပြီး ၄စိတ်စိတ်ထားပါ။
ကြက်သွန်ဖြူ၆မွှာခန့်ကို အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။
ကျန်သောကြက်သွန်ဖြူများကို အခွံနွှာ ရေဆေးထားပါ။
ဂျင်းအနည်းငယ်ကိုလည်း အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။

ဝက်သား၃ထပ်သား၆၀၀ဂရမ်ကိုရေဆေးပြီး ပဲငါးပိအချို၂ဇွန်း၊ဆားအနည်းငယ်၊နနွင်းအနည်းငယ်၊ပဲငံပြာရည်အပြစ်အနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊သကြားအနည်းငယ်၊ ငံပြာရည်အနည်းငယ်တို့ နှင့် သမအောင်နယ်ထားပါ။

(အမြန်ဝက်သားကိုအိစေချင်လျှင် ရှာလကာရေအနည်းငယ်ထည့်ပြီး နယ်ထားနိုင်ပါသည်)
ဒယ်အိုးထဲသို့ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူနှင့်ဂျင်းထည့်ပါ။

အနည်းငယ်နွမ်း၍မွှေးလာလျှင် နယ်ထားသောဝက်သားကိုထည့်ပြီးဆီသက်ပါ။

အသားကျက်၍မွှေးလာလျှင် ရေကိုအသားမြုပ်ရုံထည့်ပြီး မီးအေးအေးနှင့်တည်ပါ။
ဝက်သားမရင့်လျှင်၂ရေနှင့် အိပါသည်။
ဆိုဖီကတော့ ထမင်းပေါင်းအိုးထဲကိုထည့်ပြီး  ရေကိုအသားမြုပ်ရုံထည့်ပြီးတည်ထားလိုက်ပါတယ်။
အရေခမ်းပြီး အသားနူးခါနီးအချိန်ကျမှ ၄စိတ်စိတ်ထားသော ကြက်သွန်နီများ၊အခွံနွှာ ရေဆေးထားသောကြက်သွန်ဖြူများကိုထည့်ပေးပါတယ်။
ဟင်းကျက်သောအခါ အရည်လဲခမ်း အဆီလဲပြန်ပြီး ကြက်သွန်နီပုံမပျက် ကြက်သွန်ဖြူနံ့လေးမွှေးနေခါ ခပ်နူးနူးချိုချိုလေးနဲ့ အရမ်းကိုစားလို့ ကောင်း တဲ့ဟင်း၁ခွက်ကိုရရှိမှာ ဖြစ်ပါတယ်။

တချို့အရပ်ဒေသများတွင် တခါတည်းလုံးပြီးချက်ကြပါတယ်။
ချက်နည်းတွေကတော့ ဒေသအလိုက် ကွာခြားမှုတွေ ရှိနိုင်ပါတယ်။


ဖန်စီဝိုင်းတော်သားများအားလုံးလဲ ထမင်းမြိန်ကြပါစေနော်။
ဆိုဖီ

မလေးစတိုင် ကန်ပုံငါးချိုချဉ်ကြော်

ဖန်စီဝိုင်းတော်သားအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်!
ဒီအပတ်ဂျာနယ်အတွက် ဆိုဖီ့ရဲ့ကျွမ်းကျင်ရာ၊လိမ္မာရြာ
ဖစ်တဲ့ "ချက်ပြုတ်ခြင်း အနုပညာ"နဲ့ တင်ဆက်ပေးပါရစေရှင်!
ဒီအပတ်ဂျာနယ်အတွက် ဆိုဖီချက်မဲ့ဟင်းကတော့ မလေးစတိုင် ကန်ပုံငါးချိုချဉ်ကြော်ဘဲ ဖြစ်ပါတယ်ရှင်!

မလေးစတိုင် ကန်ပုံငါးချိုချဉ်ကြော်

ကန်ပုံငါးချိုချဉ်ကြော်အတွက် လိုအပ်သောပစ္စည်းများ
ကန်ပုံငါးအရွယ်တော်၂ကောင်၊
ခရမ်းချဉ်သီးတစ်လုံး၊
ပဲပြား၁တုံး၊
ငရုတ်သီးစိမ်း၆ တာင့်၊
မုန်လာဥနီအနည်းငယ်၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ဆားအနည်းငယ်၊
သကြားအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်
အချိုမှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
မျှင်ငါးပိအနည်းငယ်၊
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊
ကော်မှုန့်အနည်းငယ်နှင့်
ငရုတ်ဆီအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။


ချက်ပြုတ်နည်း

ငါးကို သန့်စင်ပြီး ဓားနှင့်အနည်းငယ် မွှန်းပါ

။ပြီးလျှင် ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။ ကြက်သွန်နီဥကြီးတစ်လုံးကိုအခွံနွှာရေဆေးပြီး ၄စိတ်စိတ်ထားပြီးမွှာထားပါ။ကြက်သွန်ဖြူ ၃မွှာကို အခွံနွှာရေဆေးပြီး ထောင်းထားပါ။ပဲပြားကို အတုံးသေးများတုံးထားပေးပါ။မုန်လာဥနီကိုသေးသေးပါးပါးလှီးထားပေးပါ။
ခရမ်းချဉ်သီးတစ်လုံးကို အနေတော်လှီးထားပါ။မျှင်ငါးပိအနည်းငယ်ကို ရေဖျော်ထားပေးပါ။ကော်မှုန့်အနည်းငယ်ကိုလဲ  ရေဖျော်ထားပေးပါ။ ငရုတ်သီးစိမ်း၃တောင့်ကိုပါးပါးလှီးပြီး ကျန်၃တောင့်ကို ပါးပါးလှီးထားပေးပါ။



ဒယ်အိုးထဲသို့ ဆီနှစ်ဆယ်သားလောက် ထည့်ပါ။
ဆီပူလာလျှင် နယ်ထားသောငါးကိုထည့်ပြီး ကျွတ်နေအောင် ကြော်ပါ။


ငါးကျွတ်လျှင် ဆယ်ထားပြီး ဆီများကို ခွဲထားပါ။ဒယ်အိုးထဲသို့ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဒယ်အိုးထဲသို့ ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ထောင်းထားသော ငရုတ်သီးစိမ်းနှင့် မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေပေးပါ။ အနည်းငယ်နွမ်းလာလျှင် လှီးထားသော ပဲပြား၊ မုန်လာဥနီ၊ငရုတ်သီးစိမ်းနှင့်ခရမ်းချဉ်သီးကို ထည့်ပါ။ထို့နောက်ငရုတ်ဆီအနည်းငယ်၊ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊သကြားအနည်းငယ်၊ပဲငံပြာရေအနည်းငယ်၊ ရေဖျော်ထားသော ငါးပိရည်နဲ့ ကော်ရည်တို့ကိုထည့်ပါ။




ဟင်းရည်ဆူလျှင် မြည်းကြည့်ပြီး လိုတာထပ်ထည့် အနေတော်လျှင် ငါးကြော်ပေါ်သို့ ဟင်းရည်လောင်းပြီး ထမင်းပူလေးနှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီရှင်။