Pages

Monday, 28 October 2013

မလေးစတိုင်ပြည်ကြီးငါးနှင့်ပုဇွန်ချိုချဉ်ကြော်(သို့) Sotong,Udang Masak Manish& Masam (သို့) Sweet & Sour Seafood

မလေးစတိုင်ပြည်ကြီးငါးနှင့်ပုဇွန်ချိုချဉ်ကြော်(သို့) Sotong,Udang Masak Manish& Masam (သို့) Sweet & Sour Seafood

မလေးစတိုင်ပြည်ကြီးငါးနှင့်ပုဇွန်ချိုချဉ်ကြော်တွင် ပါဝင်သောပစ္စည်းများ
ဆီ၂ကျပ်ခွဲသား၊
ပြည်ကြီးငါးအရွယ်တော်၃ကောင်၊
ပုဇွန်အရွယ်တော်၅ကောင်၊
ကြက်သွန်နီအလတ်၁လုံး၊
ကြက်သွန်ဖြူ၂မွှာခန့်၊
ဂျင်းအနည်းငယ်၊
သခွါးသီးအနည်းငယ်၊
နာနတ်သီး အသေး၁စိတ်၊
မျှင်ငါးပိအနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ကော်မှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်နှင့်
ငရုတ်ဆီအနည်းငယ်
တို့လိုအပ်ပါတယ်ရှင်။

ပြင်ဆင်ချက်ပြုတ်ပုံ
်ပြည်ကြီးငါးအရွယ်တော်၃ကောင်ကို အခွံချွတ်၊ခေါင်းဖြုတ် အညစ်အကြေးသန့်စင်ပြီး အရွယ်တော်လှီးကာ အရာပေးပါ။ပုဇွန်အရွယ်တော်၅ကောင်
ကိုလဲ အခွံချွတ်၊ခေါင်းဖြုတ် အညစ်အကြေးသန့်စင်ပေးပါ။ပြီးလျှင် ရေဆေးပြီး အချိုမှုန့်အနည်းငယ်၊ဆားအနည်းငယ်၊နနွင်းအနည်းငယ်တို့နှင့် နယ်ပြီးနှပ်ထားပါ။ကြက်သွန်နီလတ်တစ်လုံးကိုအခွံနွှာရေဆေးပြီး ၄စိတ်စိတ်ထားပြီးမွှာထားပါ။ကြက်သွန်ဖြူ ၂မွှာကိုလဲအခွံနွှာရေဆေးပြီး ထောင်းထားပါ။ဂျင်းလက်အနည်းငယ်ကိုလဲ အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။မျှင်ငါးပိအနည်းငယ်ကို ရေစိမ်ထားပေးပါ။နာနတ်သီး အသေး၁စိတ်နှင့် သခွါးသီးအနည်းငယ်ကို ရေဆေးပြီးအတုံးလေးများ တုံးထားပေးပါ။


ဒယ်အိုးထဲသို့ ဆီ၂ကျပ်ခွဲသားလောက် ထည့်ပြီးအပူပေးပါ။ဒယ်အိုးထဲသို့ ပါးပါးလှီးထားသောဂျင်းကိုထည့်ပါ၊ပြီးလျှင် မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေပေးပါ။အနည်းငယ်နွမ်းလာလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။အနည်းငယ်နွမ်းလာလျှင် အတုံးလေးများ တုံးထားသော နာနတ်သီးနှင့်သခွါးသီး ထည့်ပါ။မီးအနေတော်နှင့် ၂မိနစ်ခန့် ဆီသက်ပြီးလျှင် နယ်ထားသော်ပြည်ကြီးငါးနှင့်ပုဇွန်များကိုထည့်ပြီး ဆီသက်ပါ။
ပြည်ကြီးငါးများ၊ပုဇွန်များကျက်လာသောအခါဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ပဲငံပြာရည်အနည်းငယ်၊ငရုတ်ဆီအနည်းငယ်၊မျှင်ငါးပိရည်အနည်းငယ်နဲ့ ကော်မှုန့်အနည်းငယ်ကိုရေဖျော်ပြီးထည့်ပါ။ ပြီးရင်မြည်းကြည့် လိုတာထပ်ထည့်၊အရသာထပ်မြည်းကြည့်ပြီး အိုးကိုချပါ။ အနံ့အရသာနှင့်ပြည့်စုံသော မလေးစတိုင်ပြည်ကြီးငါးနှင့်ပုဇွန်ချိုချဉ်ကြော်ကို အောက်ပါပုံလေးအတိုင်း မြင်ကြရပါမယ်ရှင်!

ဆိုဖီအခုချက်တဲ့ မလေးစတိုင်ပြည်ကြီးငါးနှင့်ပုဇွန်ချိုချဉ်ကြော်ကတော့ Selangorပြည်နယ်, Jalan Hulu Langkatက Wan Madမလေးစားသောက်ဆိုင်ရဲ့ ချက်နည်းလေး ဖြစ်ပါတယ်။ ချက်နည်းဟာ နေရာဒေသအလိုက် အနည်းငယ်ကွဲပြားမှုလဲ ရှိနိုင်ပါတယ်ရှင်!

ရေးသားသူ - ဆိုဖီ (မြန်မာဆိုက်ဘာမီဒီယာ)

0 comments:

Post a Comment