ဆိုဖီ လိုက်ဖက်မှုရှိအောင် ဒီဟင်းတွေကိုတွဲပြီး ချက်ပြပေးမယ်နော်!
ဆိုဖီ ချက်မဲ့ဟင်းတွေကတော့ ငါးခူမွှေကြော်၊ မြင်းခွါရွက်သုပ်နှင့် ဘူးသီးဟင်းခါးတို့ဘဲ ဖြစ်ပါတယ် ရှင်!
၅ယောက်စာအတွက် မှန်းပြီးချက်ပေးမယ်နော်!
ငါးခူုမွှေကြော် အတွက်လိုအပ်သောပစ္စည်းများ
ငါးခူ၁ကီလို
ကြက်သွန်နီဥကြီး၆လုံး၊
ကြက်သွန်ဖြူကြီးကြီးတစ်လုံးခွဲ၊
ဂျင်းအနည်းငယ်၊(၂၀၀ဂရမ်လောက်)
စပါးလင် အရွယ်တော်၈ချောင်း၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ကြက်သွန်နီဥကြီး၆လုံး၊
ကြက်သွန်ဖြူကြီးကြီးတစ်လုံးခွဲ၊
ဂျင်းအနည်းငယ်၊(၂၀၀ဂရမ်လောက်)
စပါးလင် အရွယ်တော်၈ချောင်း၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ငါးခုမွှေကြော် ချက်ပြုတ်နည်း
ဒန်အိုးထဲသို့ စပါးလင် အရွယ်တော်၎ချောင်းကို ထုပြီးအိုးအောက်ခြေသို့ခင်းပါ။
ဂျင်း၂၀၀ဂရမ်ကိုသန့်ပြီး အတုံးလေးများလှီးပြီး အိုးထဲသို့ထည့်ပါ။
ငါးခူ၁ကီလိုကို ပါးဟက်၊ဗိုက်မှအဆီများကိုထုတ်ြ
အိုးထဲသို့ငါးမြုပ်ရုံလေး ရေကိုထည့်ပါ။
ပြီးလျှင် ဆား၊နနွင်း၊အချိုမှုန့်နှင့်ငြံ
ငါးပြုတ်အိုးရေဆူလာလျှင် ငါးများကိုပန်းကန်ထဲသို့ထည့်ပြီး အအေးခံထားပါ။
ငါးများအေးလာလျှင် အရိုးသပ်သပ် အသားသပ်သပ် နွှင်ထားပေးပါ။
ငါးရိုးများကို ရေငင်ပါ၊ပြီးလျှင် ထိုရေကို ငါးပြုတ်အိုးထဲသို့ ထည့်ပြီးဆူအောင် ထပ်တည်ပါ။
(ဟင်းခါးတွင် ပြန်သုံးရန် ဖြစ်ပါသည်)
ကြက်သွန်နီဥကြီး၆လုံးကို အခွံနွှာ ရေဆေးပြီး ၄စိတ်စိတ်ထားပါ။
ကြက်သွန်ဖြူကြီးကြီးတစ်လုံးခွဲ ကို အခွံနွှာပြီး ရေဆေးထားပါ။
ကြက်သွန်ဖြူကြီးကြီးတစ်လုံးခွဲ
ကျန်တဲ့စပါးလင် အရွယ်တော်၎ချောင်းကို ရေဆေးပြီးပါးပါးလှီးထားပါ။
ငါးပြုတ်အိုးထဲမှ ဂျင်းကိုဆယ်ပါ။
ကြိတ်စက်ထဲသို့ အဆင်သင့်လုပ်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်နှင့်ဆယ်ထားသောဂျင်း တို့ကိုရေမြုပ်ရုံ ထည့်ပြီးကြိတ်ပါ။
ငါးပြုတ်အိုးထဲမှ ဂျင်းကိုဆယ်ပါ။
ကြိတ်စက်ထဲသို့ အဆင်သင့်လုပ်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်နှင့်ဆယ်ထားသောဂျင်း တို့ကိုရေမြုပ်ရုံ ထည့်ပြီးကြိတ်ပါ။
ဒယ်အိုးထဲသို့ ဆီ၁၅ကျပ်သားလောက် ထည့်ပါ။ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပါ။
ပြီးလျှင် ကြိတ်ထားပြီးသားတွေကို ထည့်ပြီး အဝါရင့်ရောင်ပြောင်းပြီး ခြောက်နေအောင်ဆီသက်ပါ။
ပြီးလျှင် ကြိတ်ထားပြီးသားတွေကို ထည့်ပြီး အဝါရင့်ရောင်ပြောင်းပြီး ခြောက်နေအောင်ဆီသက်ပါ။
ပြီးလျှင် ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ထည့် ပါ။ ပြီးလျှင်
နွှင်ထားသောငါးခူအသားများကို ထည့်ပြီးဆီသက်ပါ။ အနည်းငယ်ခြောက်လာလျှင်
ဆား၊အချိုမှုန့်နှင့်ငံပြာရည်ကို သင့်သလိုထည့်ပါ။ အနေတော်ရင်
အိုးကိုချလို့ရပါပြီ။ငါးခူမွှေေ ကြာ် ကျက်ပါပြီရှင်။
မြင်းခွါရွက်သုပ် အတွက်လိုအပ်သောပစ္စည်းများ
မြင်းခွါရွက်အရွယ်တော်၂စီး၊
ကြက်သွန်နီဥကြီးတစ်လုံး၊
ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်
ဂေါ်ဖီသေးသေးတစ်စိတ်
ကြက်သွန်နီဥကြီးတစ်လုံး၊
ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်
ဂေါ်ဖီသေးသေးတစ်စိတ်
သံပုရာသီးတစ်လုံး၊
ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊
ငရုတ်သီးစိမ်း၅တောင့်၊
အချိုမှုန့်အနည်းငယ်၊
ပဲကျက်မှုန့်အနည်းငယ်၊
မြေပဲဆားလှော် အနည်းငယ်၊
ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊
ငရုတ်သီးစိမ်း၅တောင့်၊
အချိုမှုန့်အနည်းငယ်၊
ပဲကျက်မှုန့်အနည်းငယ်၊
မြေပဲဆားလှော် အနည်းငယ်၊
ငါးခူမွှေကြော် အနည်းငယ်၊
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
မြင်းခွါရွက်သုပ်နည်း
မြင်းခွါရွက်အရွယ်တော်၂စီးကို ရေပြောင်အောင်ဆေးပြီးပါးပါးလှီး ထားပါ။
ကြက်သွန်နီဥကြီးတစ်လုံးကိုလည်း ပါးပါးလှီးထားပါ။
ဂေါ်ဖီသေးသေးတစ်စိတ်ကိုလည်း ပါးပါးလှီးထားပါ။
ငရုတ်သီးစိမ်း၅တောင့်ကိုလည်း ပါးပါးလှီးထားပါ။
ငရုတ်သီးစိမ်း၅တောင့်ကိုလည်း ပါးပါးလှီးထားပါ။
မြေပဲဆားလှော် အနည်းငယ်ကို မညက်တညက်ခလေးထောင်းထားပါ။
ဇလုံကြီးတစ်ခုထဲသို့ လှီးထားသော မြင်းခွါရွက်၊ကြက်သွန်နီ၊ဂေါ်ဖီ၊ ငရုတ်သီးစိမ်းနှင့် ထောင်းထားမြေပဲဆားလှော် တို့ကိုထည့်ပါ။ပြီးလျှင်ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊ ပဲကျက်မှုန့်အနည်းငယ်၊ ငါးခူမွှေကြော် အနည်းငယ်၊
ငံပြာရည်အနည်းငယ် ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်တို့ကိုထည့်ပြီး
သံပုရာသီးတစ်လုံးကို အရေညှစ်ပြီး သုပ်ပါ။ အပေါ့အငံကို
လိုသလိုပြင်ဆင်နိုင်ပါတယ်ရှင်။
ဘူးသီးဟင်းခါး အတွက်လိုအပ်သောပစ္စည်းများ
ဘူးသီးသေးသေးတစ်စိတ်၊
ငါးပြုတ်ရေ၊
ကြက်သွန်ဖြူ၃မွှာ၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ငါးပြုတ်ရေ၊
ကြက်သွန်ဖြူ၃မွှာ၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ဒီနေ့စီစဉ်တဲ့ ငါးခူမွှေကြော်၊ မြင်းခွါရွက်သုပ်နှင့် ဘူးသီးဟင်းခါး
တို့နှင့် လူ၅ယောက်ထမင်းမိန်စေတယ် ဆိုရင်ဖြင့် ဆိုဖီ
ပင်ပန်းရကျိုးနပ်ပါပြီရှင်။ မအားတဲ့ကြားကတင်ပေးတာပါ။ အမှားပါရင်
ခွင့်လွှတ်ကြပါ။
0 comments:
Post a Comment