Pages

Sunday, 27 October 2013

ကန်စွန်းရွက်၊ငါးပိအစပ်ကြော်

[color=navy]အလုပ်ရှုတ်တာရော၊စိတ်ရှုတ်တာရော၊ ရေးချင်စိတ်ပျောက်လောက်အောင်ကို ညစ်နေတာတွေရောကြောင့် ဒေါ်ဆိုဖီဟင်းအချက်ကျဲတာ ကြာပေါ့နော်! ဒီနေ့မနက်တော့ မျက်နှာစာအုပ်မှာဟင်းတွေ တင်ရင်းနဲ့ ညီမတစ်ယောက်က တောင်းဆိုပါတယ်။ ကန်စွန်းရွက်ကို ငါးပိနဲ့အစပ်ကြော်တဲ့နည်းလေး ချက်ပြပါတဲ့။
[u][b]ကန်စွန်းရွက်၊ငါးပိအစပ်ေ
ကြာ်[/b][/u]
[u][u]ပါဝင်သောပစ္စည်းများ[/u][/u]
ကန်စွန်းရွက်၁စီး၊
ပုဇွန်ခြောက်အနေတော်၁၀ကောင်ခန့်၊
ဆီ၂ကျပ်ခွဲသား၊
ကြက်သွန်နီ၁ခြမ်း၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ငရုတ်သီးစိမ်း၅တောင့်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
မျှင်ငါးပိအနည်းငယ်၊
ငံပြာရည် အနည်းငယ်နှင့်
နနွင်းအနည်းငယ်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

[u]ပြင်ဆင်ပုံ[/u]
ကြက်သွန်နီ၁ခြမ်းကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၃မွှာကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ငရုတ်သီးစိမ်း၅တောင့်ကို ရေဆေးပြီး အညှာခြွေထားပါ။
ပုဇွန်ခြောက်အနေတော်၁၀ကောင်ခန့်ကို ရေစိမ်ထားပါ။
မျှင်ငါးပိအနည်းငယ်ကို ရေစိမ်ထားပါ။
ကန်စွန်းရွက်၁စီး ခြွေပြီးရေဆေးထားပါ။
ရေစိမ်ထားသော ပုဇွန်ခြောက်ကို မညက်တညက်ထောင်းပါ။ ငရုတ်သီးစိမ်း၅တောင့်ကိုလဲ ရောထောင်းပါ။
[u]ချက်ပြုတ်နည်း[/u]
ဒယ်အိုးထဲ ဆီ၂ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ပြီးလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး မွှေပေးပါ။
ပြီးလျှင်  မညက်တညက်ရောထောင်းထားသော ပုဇွန်ခြောက်နဲ့ငရုတ်သီးစိမ်းများကိုထည့်ပါ။
ခြောက်၍မွှေးလာလျှင် ငါးပိရေကို သင့်သလိုစစ်ထည့်ပြီး မွှေပေးပါ။
ပြီးလျှင် ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်နှင့် ငံပြာရည် အနည်းငယ်တို့ကို ထည့်ပြီးမွှေပေးပါ။
နောက်ဆုံးမှ ခြွေပြီးရေစစ်ထားတဲ့ ကန်စွန်းရွက်များကို ထည့်ပြီးကြော်ပါ။
အစိမ်းရောင်မပြယ်ခင်အိုးကို မီးပိတ်ပါ။
ရှူးရှူးရှဲရှဲနဲ့ စားလို့ကောင်းပြီး ခံတွင်းမြိန်စေတဲ့ ဟင်း၁ခွက်ဘဲ ဖြစ်ပါတယ်ရှင်![/color]

0 comments:

Post a Comment