Pages

Sunday, 27 October 2013

ငါးခူစဉ်းကော

ငါးခူစဉ်းကော
ငါးခူစဉ်းကောဟင်းအတွက် လိုအပ်သောပစ္စည်းများ
ငါးခူကီလိုဝက်
ဆီ၅ကျပ်သား၊
ကြက်သွန်နီဥကြီး၂လုံး၊
ကြက်သွန်ဖြူ၅မွှာ၊
ဂျင်းအနည်းငယ်၊
စပါးလင် အရွယ်တော်၁ချောင်း၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

ချက်ပြုတ်နည်း
ကြက်သွန်နီဥကြီး၂လုံးကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၅မွှာကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ဂျင်းလက်တစ်စစ်လောက်ကို အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ငါးခူကီလိုဝက်ကို သန့်စင်ပြီး အလွှာလိုက်လွှာကာ လှီးပါ။ပြီးလျှင် ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်နဲ့ငံပြာရည်အနည်းငယ်တို့နှင့်နယ်ထားပါ။
ဒယ်အိုးထဲသို့ ဆီ၅ကျပ်သားလောက် ထည့်ပါ။ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပါ။
ပြီးလျှင် ဒယ်အိုးထဲသို့ ထောင်းထားသော ဂျင်းကိုထည့်ပါ။
အနည်းငယ်နွမ်းလာလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး မွှေပေးပါ။
နွမ်း၍မွှေးလာလျှင် ငရုတ်အစိမ်းမှုန့်အနည်ငယ်ကိုထည့်
ပြီး မွှေပေးပါ။
ပြီးလျှင် နယ်ထားသောငါးခူများကို ထည့်ပြီးဆီသက်ပါ။
အနည်းငယ်ခြောက်လာလျှင် ဆား၊အချိုမှုန့်နှင့်ငံပြာရည်ကို လိုသလိုထည့်ပါ။
အနေတော်ရင် အိုးကိုချခါနီးရင် စပါးလင် အရွယ်တော်၁ချောင်းကို ရေဆေးထုပြီးထည့်ကာ ခဏထားပြီး ဟင်းအိုးချလို့ရပါပြီ။
ထမင်းမြိန်စေမဲ့ ငါးခူစဉ်းကောဟင်းလေးပါရှင်!

0 comments:

Post a Comment