Pages

Sunday, 27 October 2013

ကြက်သားချိုချဉ်ကြော်

ဤကြက်သားချိုချဉ်ကြော်သည် nnhtun အကူအညီတောင်းသောကြောင့် ရေးသားခြင်း ဖြစ်ပါသည်။ သူချက်ဖြစ်မချက်ဖြစ်တော့ မသိပါ။ဆိုဖီတော့ ပို့(စ်)တစ်ခု တိုးသွားပါသည်။

ကြက်သားချိုချဉ်ကြော်

ကြက်သားရင်အုံသားချည်း၂၀သား၊
ကြက်သွန်နီဥသေး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ငရုတ်သီးအစိမ်းပွကြီး၁တောင့်ရဲ့တဝက်၊
ပန်းဂေါ်ဖီအနည်းငယ်၊
တရုတ်မုန်လာအနည်းငယ်၊
နာနတ်သီးအနည်းငယ်၊
ဆားအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်
ခရုဆီအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ဆန်မှုန့်များများ၊
ကြက်ဥတစ်လုံး၊
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊(အဖြူမရရင် အမည်းကိုလဲ သုံးနိုင်ပါသည်)
ငရုတ်ဆီအနည်းငယ်၊
ကော်မှုန့်အနည်းငယ်နှင့်
သကြားအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

ပြင်ဆင်ချက်ပြုတ်ပုံ
ကြက်သားရင်အုံသားချည်း၂၀သားကို ရေဆေးပါးပါးလှီးပြီးအချိုမှုန့်အနည်းငယ်၊ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်ကော်မှုန့်အနည်းငယ်ဆားအနည်းငယ် ကြက်ဥအကာနဲ့နယ်ပြီးနှပ်ထားပါ။ကြက်သွန်နီဥသေးတစ်လုံးကိုအခွံနွှာရေဆေးပြီး ၄စိတ်စိတ်ထားပြီးမွှာထားပါ။ကြက်သွန်ဖြူ ၃မွှာကိုလဲအခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ငရုတ်သီးအစိမ်းပွ၊ပန်းဂေါ်ဖီ၊တရုတ်မုန်လာ၊နာနတ်သီးတို့ကို အနေတော်လေးလှီးထားပါ။ဒယ်အိုးထဲသို့ ဆီ၁၀သားလောက် ထည့်ပြီးအပူပေးပါ။ဇလုံတစ်ခုထဲကို ဆန်မှုန့်များများထည့် နယ်ထားသော ကြက်သားတုံးများကို နည်းနည်းစီ အရည်တွေမပါအောင်ယူပြီး အဲဒီအထဲမှာ ထည့်ပြီးလူးပြီး ကြော်ပါ။
အဝါရောင်သန်းပြီး ကျွတ်လာလျှင် ကြက်သားတုံးလေးများကို ဆယ်ထားပြီးဆီစစ်ထားပါ။ဆီများကို ခပ်ထုတ်ပြီး ဒယ်အိုးထဲ၌ဆီ၂ကျပ်ခွဲသားလောက်ဘဲ ရှိပါစေ။ဒယ်အိုးထဲသို့ မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေပေးပါ။ အနည်းငယ်နွမ်းလာလျှင် ပါးပါးလှီးထားသော ကြက်သွန်ဖြူကိုထည့်  ကြက်သွန်ဖြူနွမ်းလာရင်ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊သကြားအနည်းငယ်၊ပဲငံပြာရေအနည်းငယ်၊ခရုဆီအနည်းငယ်၊ငရုတ်ဆီအနည်းငယ်၊နဲ့ ကော်မှုန့်အနည်းငယ်ကိုရေဖျော်ပြီးထည့်၊ ပြီးရင်မြည်းကြည့် လိုတာထပ်ထည့်၊လှီးထားတဲ့ ငရုတ်သီးအစိမ်းပွ၊ပန်းဂေါ်ဖီ၊တရုတ်မုန်လာ၊နာနတ်သီးတို့ကိုထည့်ပြီး အဖုံးအုပ်ပြီး၅မိနစ်ထား။အချိန်ပြည့်ရင် အရသာထပ်မြည်းကြည့်ပြီး ကြော်ပြီးဆယ်ထားတဲ့  ကြက်သားတုံးလေးများကိုထည့်ပါ။၂မိနစ်လောက်ထားပြီး အိုးကိုချပါ။ အနံ့အရသာနှင့်ပြည့်စုံသော ကြက်သားချိုချဉ်ကြော်ပါရှင်။

0 comments:

Post a Comment