Pages

Sunday, 27 October 2013

ကုလားပဲသုတ်

ကုလားပဲသုတ်

ကုလားပဲသုတ် အတွက်လိုအပ်သောပစ္စည်းများ


ကုလားပဲ(ပဲလွန်း)လက်တစ်ဆုပ်၊
အားလူးတစ်လုံး၊
ကုလားလေးမဆလာအထုပ်သေးတစ်ထုပ်၊
ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်
ဂေါ်ဖီသေးသေးတစ်စိတ်
ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊
ငရုတ်သီးစိမ်း၅တောင့်၊
အချိုမှုန့်အနည်းငယ်၊
ပဲကျက်မှုန့်အနည်းငယ်၊
မန်ကျည်းရည်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

ကုလားပဲသုတ်နည်း
အားလူးတစ်လုံးကိုပြုတ် နူးရင် အခွံနွှာရေးဆေးပြီး ပါးပါးလှီးပါ။
ပဲများနှင့် ပါးပါးလှီးထားသောအာလူးကိုရောပြီး မဆလာနှင့်နယ်ထားပါ။
ဂေါ်ဖီသေးသေးတစ်စိတ်ကိုလည်း ပါးပါးလှီးထားပါ။
ငရုတ်သီးစိမ်း၅တောင့်ကိုလည်း ပါးပါးလှီးထားပါ။
ဇလုံတစ်ခုထဲသို့ လှီးထားသော ဂေါ်ဖီ၊ငရုတ်သီးစိမ်း၊ပဲ၊အာလူး၊
ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ပဲကျက်မှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ် ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်နှင့် မန်ကျည်းရည်အနည်းငယ်တို့ကိုထည့်ပြီး သုပ်ပါ။ ခံတွင်းမြိန်စေမဲ့ ရှူးရှဲကုလားပဲသုတ်ပါရှင်!

0 comments:

Post a Comment