Pages

Sunday, 27 October 2013

ချွေတာရေးဟင်း

ချွေတာရေးဟင်း

လိုအပ်သောပစ္စည်းများ

ကြက်ဥ၃လုံး၊
ပဲဇံလက်တစ်ဆုတ်၊
အာလူးအလုံးကြီးတစ်လုံး၊
ဂေါ်ရဂါးသီးအလုံးသေးသေးတစ်လုံး၊
ခရမ်းချဉ်သီးတစ်လုံး၊
ငရုတ်သီးစိမ်း၃တောင့်၊
ဆီ၅ကျပ်သား၊
ကြက်သွန်နီဥကြီးတစ်ခြမ်း၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
တုံရမ်းအနှစ်အနည်းငယ်၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။


ပြင်ဆင်ပုံ
ကြက်ဥ၃လုံးကိုပြုတ်ထားပါ။ ပဲဇံလက်တစ်ဆုတ်ကိုလဲ အခြမ်းမပျက် နူးသည်အထိပြုတ်ပါ။
ကြက်ဥနှင့်ပဲများပြုတ်နေစဉ်
ကြက်သွန်နီဥကြီးတစ်ခြမ်းကို အခွံနွှာ ရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ၃မွှာကို အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။
အာလူးအလုံးကြီးတစ်လုံးကို အခွံနွှာရေဆေးပြီး လေးစိတ်စိတ်ထားပါ။
ခရမ်းချဉ်သီးတစ်လုံးကို ရေဆေးပြီးပါးပါးလှီးထားပါ။
ဂေါ်ရဂါးသီးအလုံးသေးသေးတစ်လုံးကိ
ု အခွံနွှာရေဆေးပြီး မထူမပါးလှီးထားပါ။
ငရုတ်သီးစိမ်း၃တောင့်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။

ချက်နည်း
ကြက်ဥများကျက်လျှင် အခွံနွှာပြီး တခြမ်းခြမ်းထားပါ။
ဒယ်အိုးထဲသို့ ဆီ၅ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပြီး ခြမ်းထားသော ကြက်ဥများကိုထည့်ကြော်ပါ။
အရေတင်းရုံလေး ဖြစ်လာလျှင် ဆယ်ထားပြီး အာလူးများကို ထည့်ပြီးကြော်ပါ။
အရေတင်းရုံလေး မကျက်တကျက်ဖြစ်လာလျှင် ဆယ်ထားပြီး
ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
ပြီးလျှင် ပါးပါးလှီးထားကြက်သွန်နီများကိုထည့်ပေးပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ငရုတ်သီးစိမ်းကိုထည့်ပါ။
ပြီးလျှင်ငရုတ်သီးအစိမ်ုးမှုန့်အနည်းငယ်နှင့် တုံရမ်းအနှစ်အနည်းငယ်ကိုထည့်ပြီးဆီသပ်ပါ။
ထို့နောက် ပါးပါးလှီးထားသော ခရမ်းချဉ်သီးကိုထည့်ပြီး လိတ်နေအောင် ဆီသက်ပေးပါ။
ခရမ်းချဉ်သီးလိတ်လာလျှင် လှီးထားသောဂေါ်ရဂါးသီးနှင့် ကြော်ထားသော အာလူးများကိုထည့်ပြီး ဆီသက်ပါ။
ပြီးနောက် ပြုတ်ထားသောပဲနှင့် အရည်များကိုလောင်းထည့်ပါ။ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ငံပြာရည်အနည်းငယ်တို့ကိုထည့်ပါ။
ဟင်းအိုးဆူလာလျှင် အပေါ့အငံအနေတော်ပြင်ပြီး ကြိုက်တတ်လျှင် ကုလားလေးမဆလာ အထုပ်သေးတစ်ထုပ်ကို ဖောက်ထည့်ပြီး မွှေပေးပါ။
ဒါဆိုရင် အနံ့၊အရသာနဲ့ပြည့်စုံတဲ့ ချွေတာရေး ဟင်းတစ်ခွက် ဖြစ်လာပြီပေါ့နော်!

0 comments:

Post a Comment