ဝက်သားအချိုချက်(သို့) တရုတ်ချက်အတွက်လိုအပ်သောပစ္စည်း များ
ဝက်သား၃ထပ်သား၂၀ကျပ်သား
ကြက်သွန်နီဥကြီး၃လုံး၊
ကြက်သွန်ဖြူ၆မွှာခန့်၊
ဂျင်းအနည်းငယ်၊
ဆားအနည်းငယ်၊
ကြက်သွန်ဖြူ၆မွှာခန့်၊
ဂျင်းအနည်းငယ်၊
ဆားအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်
အချိုမှုန့်အနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊( အဖြူမရရင် အမည်းကိုလဲ သုံးနိုင်ပါသည်)
သကြားအနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
သကြားအနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ဝက်သားအချိုချက်(သို့) တရုတ်ချက်ချက်နည်း
ကြက်သွန်နီဥကြီး၃လုံးကို အခွံနွှာ ရေဆေးပြီး ၄စိတ်စိတ်ထားပါ။
ကြက်သွန်ဖြူ၆မွှာကို အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။
ဂျင်းအနည်းငယ်ကိုလည်း အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။
ကြက်သွန်ဖြူ၆မွှာကို အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။
ဂျင်းအနည်းငယ်ကိုလည်း အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။
ဝက်သား၃ထပ်သား၂၀ကျပ်သားကိုရေဆေး ပြီး ဆားအနည်းငယ်၊ပဲငံပြာရည်အပြစ် အနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊ သကြားအနည်းငယ်၊ ငံပြာရည်အနည်းငယ်တို့ နှင့် သမအောင်နယ်ထားပါ။
(အမြန်ဝက်သားကိုအိစေချင်လျှင် ရှာလကာရေအနည်းငယ်ထည့်ပြီး နယ်ထားနိုင်ပါသည်)
ဒယ်အိုးထဲသို့ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူနှင့်ဂျင်းထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် နယ်ထားသောဝက်သားကိုထည့်ပြီးဆီသက်ပါ။
အသားကျက်၍မွှေးလာလျှင် ရေကိုအသားမြုပ်ရုံထည့်ပြီး မီးအေးအေးနှင့်တည်ပါ။
ဝက်တားမရင့်လျှင်၂ရေနှင့် အိပါသည်။
အရေခမ်းပြီး အသားနူးခါနီးအချိန်ကျမှ ၄စိတ်စိတ်ထားသော ကြက်သွန်နီများကိုထည့်ပေးပါ။
ဟင်းကျက်သောအခါ အရေလည်းခမ်း အဆီလဲပြန်ပြီး ကြက်သွန်နီပုံမပျက်
ခပ်နူးနူးချိုချိုလေးနဲ့ အရမ်းကိုစားလို့ ကောင်းပါတယ်။
တချို့အရပ်ဒေသများတွင် တခါတည်းလုံးပြီးချက်ကြပါတယ်။
ချက်နည်းတွေကတော့ ဒေသအလိုက် ကွာခြားမှုတွေ ရှိနိုင်ပါတယ်။
ထမင်းမြိန်ကြပါစေနော်။
သံစဉ်
0 comments:
Post a Comment