ဒီနေ့ချက်မဲ့ဟင်းကတော့ ငါးခူအသားကို ကြော်ပြီး ငါးခူခေါင်းနဲ့အမြှီးကို မျှစ်ချဉ်နဲ့ချက်ပါမယ်။
ငါးခူကြော်နှင့် မျှစ်ချဉ်ဟင်း
ပါဝင်သော ပစ္စည်းများ
ငါးခူ အရွယ်တော်၎ကောင်၊
မျှစ်ချဉ်၃၀၀ဂရမ်၊
ဆီ၅ကျပ်သား၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာ၊
ဂျင်းအနည်းငယ်၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငရုတ်သီးစိမ်း၃တောင့်၊
နနွင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်။
ငါးခူကို ခုတ်ထစ်ရေဆေးပြီး ဆား၊နနွင်း၊အချိုမှုန့်၊ငံပြာရည်
ပြီးလျှင် အသားသပ်သပ်၊ငါးခူခေါင်းနဲ့အမြှီ
ဂျင်းအနည်းငယ်ကိုထောင်းထားပြီး
ကြက်သွန်ဖြူကိုလဲ ထောင်းထားပြီးသပ်သပ်ထားပါ၊
ကြက်သွန်နီနှစ်ကို ပါးပါးလှီးထားပါ။
ငရုတ်သီးစိမ်း၃တောင့်ကို ပါးပါးလှီးထားပါ။
မျှစ်ချဉ်၃၀၀ဂရမ်ကို ရေဆေးထားပါ။
ဒယ်အိုးထဲသို့ ဆီ၁၀သားလောက် ထည့်ပါ။
ဆီပူလာလျှင် အိုးထဲသို့ နယ်ပြီးသား ငါးခူအသားများကို ရေစစ်ပြီးထည့်ပါ။
အနည်းငယ်ကြာလျှင် အထပ်အောက်လှန်ပေးပါ။
အဝါရောင်သန်းလာပြီး ကျွပ်လာလျှင် ချလို့ရပါပြီ။
ဆီများကို ခပ်ထုတ်ပြီး ဒယ်အိုးထဲတွင် ဆီ၅ကျပ်သားလောက်ဘဲရှိပါစေ။
ငါးခူခေါင်း၊အမြှီးနဲ့ မျှစ်ချဉ်ဟင်း ချက်ပြုတ်နည်း
ဒယ်အိုးထဲသို့ ဆီ၅ကျပ်သားလောက် ထည့်ပါ။ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပါ။
ပြီးလျှင် ထောင်းထားပြီးသား ဂျင်းအနည်းငယ်ကို တစ်ထည့်ပါ
အနည်းငယ်ကျွပ်လာမှ ထောင်းထားပြီးသား ကြက်သွန်ဖြူကိုထည့်ပါ။
အဲဒီ၂ခုနွမ်းပြီးမွှေးလာမှ လှီးပြီးသားကြက်သွန်နီကိုထည့်ြ
နွမ်းလာလျှင် ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ကို
နယ်ထားသော ငါးခူခေါင်းနဲ့အမြှီးများကို ထည့်ပြီးဆီသက်ပါ။
ပြီးရင် ရေဆေးထားသော မျှစ်ချဉ်များကိုထည့်ပြီး ဆီသက်ပေးပါ။
၅မိနစ်လောက်ကြာလျှင် ရေကိုမြုတ်ရုံလေးထည့်ပါ။
ဟင်းရည်ဆူလာရင် ပါးပါးလှီးထားသော ငရုတ်သီးစိမ်းကို ထည့်ပါ။
ရေခန်းပြီးဆီပြန်လာရင် အပေါ့အငံမြည်း လိုတာထပ်ထည့်ပါ။
ဟင်းတွေ ကျက်ရင်ဖြင့် ထမင်းပူပူလေးနဲ့ ခံတွင်းမြိန်စွာ သုံးဆောင်နိုင်ပါပြီရှင်!
0 comments:
Post a Comment