Pages

Sunday, 27 October 2013

စားတော်ပဲပြုတ်

ရပ်ဝေးရောက်နေတဲ့ မောင်နှမတွေ တစ်ခါတလေ ပဲနံပြားလေး စားချင်လိုက်တာ၊ ပဲပလာတာလေး
စားချင်လိုက်တာ၊ ကတ်ကျေးကိုက်လေး လုပ်စားချင်လိုက်တာ၊ မနက်စောစော အိပ်ယာနိုးရင်
ပဲပြုတ်ဆီဆမ်း ထမင်းလေးနယ်စားချင်လိုက်တာ့  အဲ့ဒီလိုမျိုး တောင့်တတတ်တဲ့ စိတ်ကို
အစာကျွေးဖို့အတွက် စားတော်ပဲ အညှောင့်ဖေါက်တာလေးကို ပြောပြလိုက်ရပါတယ်။ လုလုတို့
အိမ်ဘေးနားမှာနေတဲ့ ပဲပြုတ်ရောင်းတဲ့အဒေါ်ကြီးဆီက သင်ထားတာ။ စားတော်ပဲက အခွံထူတယ်၊
အဲ့ဒီတော့ သူက လွယ်လွယ်နဲ့ အညှောင့်မထွက်နိုင်ဘူးလေ။ အဲ့ဒီတော့ စားတော်ပဲကို စနေနေ့
မနက်မှာ စားချင်တယ်ဆိုရင် ကြာသပတေးညကတည်းက ရေနွေးကြက်သီးနွေးနဲ့ပဲကို
အရင်စိမ်ရပါတယ်။ သောကြာနေ့မနက်ကျရင် အဲ့ဒီပဲစေ့လေးတွေကို ဆယ်ပြီးတော့
ပိတ်ပါးစထဲ ထည့်ပြီး ထုပ်ထားပါတယ်။ ပြီးတော့မှ အဲ့ဒီပဲထုပ်လေးကို သောက်ရေအိုးစင်အောက်
လေးမှာ ဇလုံလေးနဲ့ထည့်ပြီး သောနေ့တစ်နေ့ကုန်ရယ် တစ်ညရယ် ထားရပါတယ်။ စနေနေ့
မနက် ၄ နာရီလောက်ကျတော့ အဲ့ဒီအထုပ်လေးကို ဖြေလိုက်တဲ့အခါကျရင် ပဲစေ့တွေရဲ့ အညှောင့်က
အဲ့ဒီပိတ်ပါးစလေးတွေမှာ ကပ်နေပါတယ်။ အရမ်းချစ်ဖို့ကောင်းတယ် ပဲပင်ပေါက်လေးတွေရဲ့ အညှောင့်
လေးတွေက တွန့်လိန်လိန်လေးတွေ ဖြူသလိုလို ညိုရောင်ခပ်ဖျော့ဖျော့လေးတွေလိုနဲ့ပေါ့။
အဲ့ဒီလို အညှောင့်ရလာပြီဆိုတဲ့ ပဲကိုမှ သူတို့က ပြုတ်တဲ့အခါမှာ ရေစပ်စပ်လေးထည့်၊
စားဆော်ဒါလေး နည်းနည်းထည့်ပြီး ပြုတ်၊ ပြီးတော့မှ အဲ့ဒီပဲပြုတ်ကိုဆားလေး သင့်ရုံထည့်ပိတ်ပါးစနဲ့
ပြန်ထုပ်၊ပြီးတော့မှ ပြန်ပေါင်းရတာ။ အဲ့ဒီအဒေါ်ကြီးပေါင်းတာကတော့ မြေအိုးပေါင်းချောင်ထဲ
ထည့်ပြီးပေါင်းတာ။ အနံ့ကသင်းပြီး လှိုင်နေတာပဲ။ အောက်က မြေရေနွေးအိုးကြီးတည်ပြီး အပေါ်ကနေ
ပဲထုပ်ထည့်ထားတဲ့ ပေါင်းချောင်နဲ့ပေါင်းတာ ဟိဟိ့  ပြောရင်း အိမ်သတိရလာသလိုလို့ 
အဲ့ဒီအဒေါ်ကြီးကို လွမ်းလာသလိုလို့  သူဈေးရောင်းမထွက်ခင် ကျွန်မက သူ့ပြုတ်တဲ့ပဲအိုးကို
နပ်မနပ်စောင့်ကြည့်ပြီး မြည်းတာ့  ဟိ့ (ကပ်စားတာပါ့ တကယ်တော့ သူ့ဘာသာသူ နပ်ပြီးသား)
ကျွန်မတို့က မောင်နှမများတော့ မနေ့ညကကျန်တဲ့ ထမင်းကြမ်းခဲကို ချေပြီး ပဲပြုတ်နဲ့ ပြန်ကြော်တာလေ။
တစ်ခါတလေလဲ ပဲအီကြာလုပ်စားတယ်၊ ပဲနံပြားလုပ်စားတယ်ပေါ့လေ။ ကပ်ကျေးကိုက်လုပ်စားတယ်။
တော်ပြီကွယ့့်  စားစရာတွေချည်းပဲ ပြောနေတယ့့်  စားတိုင်းသာ ၀မယ်ဆိုရင်တော့
ဂွမ်းပုံ၊ပွင့်ကတောင်အရှုံးပေးနေရမယ့် ကျွန်မအဖြစ့့်  ဟင့့် ရပ်ဝေးရောက်နေတဲ့သူတွေအဖို့ကတော့
မြေအိုးနဲ့ ဘယ်ပေါင်းနိုင်မှာလဲနော့့်  ရိုးရိုးပေါင်းအိုးနဲ့ပဲပေါင်းလိုက်လဲ ရပါတယ်။ ကျွန်မကတော့
စားတော်ပဲရလာရင် ဒီမှာ အဲ့ဒီလိုပဲ အညှောင့်ဖေါက်ပြီး ပြုတ်လိုက်၊ပေါင်းလိုက်တာပါပဲလေ။
သူငယ်ချင်းတို့လဲ စမ်းသပ်ကြည့်ပေါ့နော့့် 

0 comments:

Post a Comment