ကိုက်လံကြော်နည်း
ကိုက်လံကြော်အတွက် လိုအပ်သောပစ္စည်းများ
ကိုက်လံ၂စီး၊
ဆီငါးမတ်သား၊
ကြက်သွန်နီဥသေးတစ်ခြမ်း၊
ကြက်သွန်ဖြူ၃မွှာ၊
အချိုမှုန့်အနည်းငယ်၊
ပုဇွန်ခြောက်မှုန့် အနည်းငယ်၊
ဆား အနည်းငယ်၊
ကော်မှုန့်အနည်းငယ်နှင့်
ခရုဆီအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ကိုက်လံကိုလှီးဖြတ်ပြီး တစ်ရေစိမ်ထားပါ။
အရွက်ထဲမှ သဲများပြောင်သွားစေရန် ဖြစ်ပါသည်။
ကြက်သွန်နီဥသေးတစ်ခြမ်းကို အစိတ်စိတ်အမွှာမွှာ သေးသေးလေးတွေဖြစ်အောင် လှီးထားပါ။
ကြက်သွန်ဖြူ၃မွှာကို ထောင်းထားပါ။
ကော်မှုန့်အနည်းငယ်ကို ရေဖျော်ထားပါ။
ကြော်နည်း
ဒယ်အိုးထဲသို့ ဆီငါးမတ်သားလောက် ထည့်ပါ။
ဆီပူလာလျှင် ထောင်းထားပြီးသားကြက်သွန်ဖြူကို
နွမ်းပြီးမွှေးလာလျှင်လှီးပြီးသာ
ပြီးလျှင် လှီးဖြတ်ထားသောကိုက်လံများကို
အချိုမှုန့်၊ဆားနဲ့ပုဇွန်ခြောက်
အဖုံးမအုပ်ပါနှင့် အစိမ်းရောင်မပျက်စေရန် ဖြစ်ပါသည်။
အရွက်နွမ်းပြီးမွှေးလာလျှင် ခရုဆီအနည်းငယ်ကိုထည့်ပါ။
အပေါ့အငံမြည်းပြီး အိုးချခါနီးမှ ကော်ရည်အနည်းငယ်ကို လောင်းပါ။
ကိုက်လံကြော်ပူပူလေးရပါပြီရှင်။
ပုဇွန်စိတ်ကြော်အတွက် လိုအပ်သောပစ္စည်းများ
ပုဇွန်စိတ်၃၀၀ဂရမ်၊
ဆီငါးကျပ်သား၊
ကြက်သွန်နီဥကြီးတစ်လုံး၊
ကြက်သွန်ဖြူ၃မွှာ၊
အချိုမှုန့်အနည်းငယ်၊
တုမ်ရမ်းအနှစ် အနည်းငယ်၊
ဆား အနည်းငယ်၊
နနွင်းအနည်းငယ်နှင့်
ငရုတ်သီးအစိန်းမှုန့်အနည်းငယ်တို
ပြင်ဆင်ပုံ
ပုဇွန်စိတ်၃၀၀ဂရမ်ကို ကိုင်၊ရေဆေးပြီး ဆား၊နနွင်း၊အချိုမှုန့်တို့ နှင့် အနေတော်နယ်ထားပါ။
ကြက်သွန်ဖြူ၃မွှာကို အခွံနွှာ ရေဆေးထောင်းပြီး သပ်သပ်ထားပါ၊
ကြက်သွန်နီတစ်လုံးကိုလဲ အခွံနွှာ ရေဆေးပြီးပါးပါးလှီးထားပါ။
ချက်ပြုတ်နည်း
ဒယ်အိုးထဲသို့ ဆီ၅ကျပ်သားကို ထည့်ပါ။ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပါ။
ပြီးလျှင် ထောင်းထားပြီးသား ကြက်သွန်ဖြူကိုထည့်ပါ။
ကြက်သွန်ဖြူ နွမ်းပြီးမွှေးလာမှ လှီးပြီးသားကြက်သွန်နီကိုထည့်ြ
နွမ်းလာလျှင် ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ကို
နယ်ထားသော ပုဇွန်စိတ်များကို ထည့်ပြီးဆီသက်ပါ။
ဆီသက်နေစဉ် တုမ်ရမ်းအနှစ် အနည်းငယ်ကို ထည့်ပါ။ နောက်ထပ်၅မိနစ်လောက်ထားရင် ကျက်ပါပြီ။
0 comments:
Post a Comment