Pages

Monday, 28 October 2013

တရုတ်စတိုင် ငါးချိုချဉ်ကြော်!

ဖန်စီဝိုင်းတော်သားအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်!
ဒီအပတ်ဂျာနယ်အတွက် ဆိုဖီ့ရဲ့ကျွမ်းကျင်ရာ၊လိမ္မာရြာ
ဖစ်တဲ့ "ချက်ပြုတ်ခြင်း အနုပညာ"နဲ့ တင်ဆက်ပေးပါရစေရှင်!
ဒီအပတ်ဂျာနယ်အတွက် ဆိုဖီချက်မဲ့ဟင်းကတော့ တရုတ်စတိုင် ငါးချိုချဉ်ကြော်ဘဲ ဖြစ်ပါတယ်ရှင်!

တရုတ်စတိုင် ငါးချိုချဉ်ကြော်!
(ဟီး! မြန်မာလို အဲဒီလိုလို့ဘဲ ထင်ပါတယ်)

ငါးချိုချဉ်ကြော်အတွက် လိုအပ်သောပစ္စည်းများ
သာလာပီးယားငါးပန်းရောင် ကီလိုဝက်တစ်ကောင်၊
ခရမ်းချဉ်သီးတစ်လုံး၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ဂျင်းအနည်းငယ်၊
ဆားအနည်းငယ်၊
သကြားအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်
အချိုမှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
တုန်ရမ်းအနှစ် အနည်းငယ်၊
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊
ကော်မှုန့်အနည်းငယ်နှင့်
ငရုတ်ဆီအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။


ချက်ပြုတ်နည်း

ငါးကို သန့်စင်ပြီး ဓားနှင့်အနည်းငယ် မွှန်းပါ။ပြီးလျှင် ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။ ကြက်သွန်နီဥကြီးတစ်လုံးကိုအခွံနွှာရေဆေးပြီး ၄စိတ်စိတ်ထားပြီးမွှာထားပါ။ကြက်သွန်ဖြူ ၃မွှာနှင့်ဂျင်းကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ခရမ်းချဉ်သီးတစ်လုံးကို အနေတော်လှီးထားပါ။




ဒယ်အိုးထဲသို့ ဆီနှစ်ဆယ်သားလောက် ထည့်ပါ။
ဆီပူလာလျှင် နယ်ထားသောငါးကိုထည့်ပြီး ကျွတ်နေအောင် ကြော်ပါ။

ငါးကျွတ်လျှင် ဆယ်ထားပြီး ဆီများကို ခွဲထားပါ။ဒယ်အိုးထဲသို့ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဒယ်အိုးထဲသို့ ထောင်းထားသော ဂျင်းနှင့်ကြက်သွန်ဖြူကိုထည့်ပါ
အနည်းငယ်နွမ်း၍မွှေးလာလျှင် မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေပေးပါ။ အနည်းငယ်နွမ်းလာလျှင် လှီးထားသော ခရမ်းချဉ်သီးကို ထည့်ပါ။တုန်ရမ်းအနှစ် အနည်းငယ်၊ငရုတ်ဆီအနည်းငယ်၊ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊သကြားအနည်းငယ်၊ပဲငံပြာရေအနည်းငယ်နဲ့ ကော်မှုန့်အနည်းငယ်ကိုရေဖျော်ပြီးထည့်ပါ။


 ပြီးရင်မြည်းကြည့် လိုတာထပ်ထည့် အနေတော်ရင် ကြော်ပြီးဆယ်ထားတဲ့ငါးကြော်ပေါ်ကို လောင်းလိုက်ပါ။ ဤကဲ့သို့ ပုံပါအတိုင်းမြင်ရပါမယ်ရှင့်!

0 comments:

Post a Comment