Pages

Sunday, 27 October 2013

မြင်းခွါရွက်နဲ့ရှောက်သီးအရောသုပ်

မြင်းခွါရွက်နဲ့ရှောက်သီးအရောသုပ် အတွက်လိုအပ်သောပစ္စည်းများ

မြင်းခွါရွက်အရွယ်တော်၁စီး၊
ရှောက်သီး၁စိတ်၊
ကြက်သွန်နီဥကြီးတစ်လုံး၊
ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်
ဂေါ်ဖီသေးသေးတစ်စိတ်
ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊
ငရုတ်သီးစိမ်း၅တောင့်၊
အချိုမှုန့်အနည်းငယ်၊
ပဲကျက်မှုန့်အနည်းငယ်၊
မြေပဲဆားလှော် အနည်းငယ်၊
ပုဇွန်ခြောက်မှုန့်အနည်းငယ်၊
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

မြင်းခွါရွက်နဲ့ရှောက်သီးအရောသုပ် သုပ်နည်း

မြင်းခွါရွက်အရွယ်တော်၁စီးကို ရေပြောင်အောင်ဆေးပြီးပါးပါးလှီးထားပါ။
ရှောက်သီး၁စိတ်ကို မွှာထားပါ။
ကြက်သွန်နီဥကြီးတစ်လုံးကိုလည်း ပါးပါးလှီးထားပါ။
ဂေါ်ဖီသေးသေးတစ်စိတ်ကိုလည်း ပါးပါးလှီးထားပါ။
ငရုတ်သီးစိမ်း၅တောင့်ကိုလည်း ပါးပါးလှီးထားပါ။
မြေပဲဆားလှော် အနည်းငယ်ကို မညက်တညက်ခလေးထောင်းထားပါ။
ဇလုံကြီးတစ်ခုထဲသို့ လှီးထားသော မြင်းခွါရွက်၊ မွှာထားသောရှောက်သီး၊ကြက်သွန်နီ၊ဂေါ်ဖီ၊ငရုတ်သီးစိမ်းနှင့် ထောင်းထားမြေပဲဆားလှော် တို့ကိုထည့်ပါ။ပြီးလျှင်ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ပဲကျက်မှုန့်အနည်းငယ်၊  ပုဇွန်ခြောက်မှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ် ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်တို့ကိုထည့်ပြီး သုပ်ပါ။ အနေတော်ဘဲမို့ စားလို့ရပါပြီရှင်!

0 comments:

Post a Comment