Pages

Sunday, 27 October 2013

ဝက်ချိုချဉ်ကြော်

ဝက်ချိုချဉ်ကြော်

ဆီ၂ကျပ်ခွဲသား၊
ဝက်ကြိတ်သား၂၀၀ဂရမ်၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
မုန်လာဥနီတစ်လုံး၊
ခရမ်းချဉ်သီးအစိမ်းတစ်လုံး၊
ပဲသီး၃တောင့်၊
ဆားအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်
ခရုဆီအနည်းငယ်၊
ရှာလကာရည်အနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ကော်မှုန့်အနည်းငယ်၊
ကြက်ဥတစ်လုံး၊
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊(အဖြူမရရင် အမည်းကိုလဲ သုံးနိုင်ပါသည်)
ငရုတ်ဆီအနည်းငယ်နှင့်
သကြားအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။





ပြင်ဆင်ချက်ပြုတ်ပုံ
ဝက်ကြိတ်သား၂၀၀ဂရမ်ကို အချိုမှုန့်အနည်းငယ်၊ငရုတ်ကောင်း
အဖြူမှုန့်အနည်းငယ်ကော်မှုန့်အနည်းငယ်ဆားအနည်းငယ် ကြက်ဥအကာနဲ့နယ်ပြီးနှပ်ထားပါ။ကြက်သွန်နီဥကြီးတစ်လုံးကိုအခွံနွှာရေဆေးပြီး ၄စိတ်စိတ်ထားပြီးမွှာထားပါ။ကြက်သွန်ဖြူ ၃မွှာကိုလဲအခွံနွှာရေဆေးပြီး ထောင်းထားပါ။
်မုန်လာဥနီ၊ပဲသီး၊ခရမ်းချဉ်သီးတို့ကို အနေတော်လေးလှီးထားပါ။ဒယ်အိုးထဲသို့ ဆီ၁၀သားလောက် ထည့်ပြီးအပူပေးပါ။ နယ်ပြီးနှပ်ထားသောဝက်ကြိတ်သားများကို လုံးပြီးကြော်ပါ။
အဝါရောင်သန်းပြီး ကျွတ်လာလျှင် ဝက်သားလုံးလေးများကို ဆယ်ထားပြီးဆီစစ်ထားပါ။ဆီများကို ခပ်ထုတ်ပြီး ဒယ်အိုးထဲ၌ဆီ၂ကျပ်ခွဲသားလောက်ဘဲ ရှိပါစေ။ဒယ်အိုးထဲသို့ မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေပေးပါ။ အနည်းငယ်နွမ်းလာလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်  ကြက်သွန်ဖြူနွမ်းလာရင်ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊သကြားအနည်းငယ်၊ပဲငံပြာရည်အနည်းငယ်၊ခရုဆီအနည်းငယ်၊ငရုတ်ဆီအနည်းငယ်၊ရှာလကာရည်အနည်းငယ်နဲ့ ကော်မှုန့်အနည်းငယ်ကိုရေဖျော်ပြီးထည့်၊ ပြီးရင်မြည်းကြည့် လိုတာထပ်ထည့်၊လှီးထားတဲ့မုန်လာဥနီ၊ပဲသီး၊ခရမ်းချဉ်သီး တို့ကိုထည့်ပြီး အဖုံးအုပ်ပြီး၅မိနစ်ထား။အချိန်ပြည့်ရင် အရသာထပ်မြည်းကြည့်ပြီး ကြော်ပြီးဆယ်ထားတဲ့  ဝက်သားလုံးလေးများကိုထည့်ပါ။၂မိနစ်လောက်ထားပြီး အိုးကိုချပါ။ အနံ့အရသာနှင့်ပြည့်စုံသော ဝက်ချိုချဉ်ကြော်ကို အောက်ပါပုံလေးအတိုင်း မြင်ကြရပါမယ်ရှင်!

0 comments:

Post a Comment