Pages

Sunday, 27 October 2013

ပုဇွန်ကြော်နှင့်အာလူးကြော်

ပုဇွန်ကြော်နှင့်အာလူးကြော်

အချဉ်ရေဖျော်နည်း

ငရုတ်ဆီတစ်ဆ
မန်ကျည်းသီးကွမ်းသီးလုံးလောက်၂လုံးစာကို
ရေနဲ့ဖျော်နှစ်ဆဖျော်ပြီး
ဆားနည်းနည်း၊
အချိုမှုန့်နည်းနည်း၊
ငရုတ်ဆီက သကြားမပါရင် သကြားနည်းနည်း၊
ဂျင်းလက်တစစ်၊
ကြက်သွန်ဖြူ၃မွှာ၊
နံနံပင်နည်းနည်းကိုညှပ်ထည့်ပါ။
အဲဒါတွေအားလုံးကို ရောပြီး ဘလန်တာနဲ့ကြိတ်ပါ။
တို့စားဖို့ အဆင်သင့်ပါဘဲရှင်!

ပုဇွန်ကြော်နှင့်အာလူးကြော် ကြော်နည်း

ဆန်မှုန့်တစ်ဆခွဲ၊
ပဲစိမ်းမှုန့်တစ်ဆကို
ရေ၂ဆ​နှင့်ရောပါ။
ဆားနည်းနည်း၊
အချိုမှုန့်နည်းနည်း၊
ဆနွင်းနည်းနည်း၊
ဆော်တာနည်းနည်းနဲ့
ရောမွှေပြီး မုန့်နှစ်လုပ်ပါ။

ခုကြော်မှာက ပုဇွန်စိတ်၃၀၀ဂရမ်နဲ့ အားလူးကြီးကြီးတစ်လုံး လိုအပ်ပါမယ်။
ပုဇွန်စိတ်တွေကို သန့်စင်အောင်ရေဆေးထားပါ။
အားလူးကို အခွံမနွှာဘဲရေဆေးပြီး ပါးပါးလှီးထားပါ။

ဆီတစ်ဆယ်သားခန့်ကို ဒယ်အိုးထဲထည့်ပြီး
ဆီပူအောင်ထားပါ။
မုန့်နှစ်ကို ပုဇွန်စိတ်(သို့)အာလူးပြားများနဲ့နယ်ပြီး ပန်းကန်ပြားသေးသေးထဲကိုထည့်ပါ။
ပြီးရင်ဆီအိုးထဲကို ထည့်ပြီးကြော်ပါ။
အဝါရောင်နည်းနည်းရင့်လာရင် အနေတော်ကြွတ်ပြီလို့ ယူဆပါမယ်။
ပြီးရင်ဆီစစ်ပြီး ဖျော်ပြီးသားအချဉ်ရေနှင့်တို့စားပါ။

0 comments:

Post a Comment