Pages

Tuesday, 22 October 2013

အသုပ်စုံ

အင်း!မချက်တာကြာလို့ မျက်စိနောက် သက်သာပြီး ဒေါ်ဆိုဖီကို မေ့နေကြပြီ ထင်တယ်နော်!
ဒီနေ့တော့ ကိုယ်ပိုင်စတိုင် အသုပ်စုံလေးသုပ်လိုက်ဦးမယ် အဟီး!
ဒီအသုပ်စုံက လက်ဝင်တယ်ထင်ရပေမဲ့ ပစ္စည်းတွေ အဆင်သင့်ရှိရင် ၁နာရီအတွင်း ပြီးပါတယ်။
ဒေါ်ဆိုဖီ အချိန်တွေ အတော်အားနေလား မမေးနဲ့ဦးနော်!
မနက်၈ကနေ ည၉နာရီအထိ အလုပ်ပြန်စနေပြီ။
ဒီလိုဘဲ အစားအသောက်အတွက်ဆိုရင် အားတဲ့အချိန်လေးမှာ တိုင်ပင်လေးနဲ့ လုပ်လိုက်တော့တာ ပါဘဲလေ။
ပထမရက်တွေတုန်းက အိမ်နားမှာအသုပ်ရောင်းတဲ့သူဆီက တို့ဖူးသုပ်ဝယ်စားတာ အရမ်းကိုခံတွင်းတွေ့မိတယ်လေ။
နောက်ရက်တွေမေးတိုင်း တို့ဖူးသုပ်ကုန်နေပြီ ဆိုတာချည်းဘဲ။
ဒီတော့ကိုယ့်ဘာသာ တို့ဖူးကျိုပြီး ခဲတာနဲ့ တို့ဖူးသုပ်လုပ်စားတယ်။
အရင်ရက်ကကျန်တဲ့ တို့ဖူးကိုလှီး။
အာလူးသေးတစ်လုံးကို ပြုတ်ပြီး ပါးပါးလှီး။
 ကြက်သွန်နီတစ်ခြမ်းကိုပါးပါးလှီး။
ခေါက်ဆွဲနည်းနည်းနဲ့ ကြာဇံနည်းနည်းကို ရေနွေးဖြော။
ပဲပင်ပေါက်ကို ရေနွေးဖြော
ပဲပြားကိုကြော်ပြီး ပါးပါးလှီး။
ပုံမှာပြထားတဲ့အတိုင်းကို စုံသလိုဘဲနော်!

ပြီးရင်အဲဒါတွေထဲကို ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ပဲကျက်မှုန့်အနည်းငယ်၊  ပုဇွန်ခြောက်မှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ငရုတ်ဆီအနည်း
ငယ်၊မန်ကျည်းရည်အနည်းငယ်၊ငရုတ်သီးဆီချက်အနည်းငယ်နဲ့ ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်တို့ကိုထည့်ပြီး သုပ်ပါ။
အပေါ်ယံကနေ ကြက်သွန်နီကြော်လေးတွေဖြူး
အရသာက ချဉ်ငံစပ် အနေတော်ဘဲမို့ စားလို့ရပါပြီရှင်!
 အသုပ်စုံလေးနဲ့တွဲစားဖို့ဘူးသီးဟင်းခါးလေးအမြန်ချက်ပါတယ်။
ရေကိုဆူအောင် ထပ်တည်ပါ။ ကြက်သွန်ဖြူ၃မွှာကို အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ဘူးသီးသေးသေးတစ်စိတ်ကို အခွံနွှာရေဆေးပြီး ခပ်သေးသေးစိတ်ထားပါ။ရေဆူလာလျှင် ထောင်းထားသောကြက်သွန်ဖြူကို ထည့်ပါ။
ပြီးလျှင် စိတ်ထားသောဘူးသီးများကို ထည့်ပါ။
ထပ်ဆူလာပြီး ဘူးသီးများနူးလာလျှင် အပေါ့အငံအတွက် ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်နှင့် ငံပြာရည်အနည်းငယ်တို့ကို သင့်သလိုထည့်ပါ။
 နောက်ဆုံးမှ ငရုတ်ကောင်းမှုန့်အနည်းငယ်ကို ခတ်ပါ။
ဘူးသီးဟင်းခါး ကျက်ပါပြီရှင်။

0 comments:

Post a Comment