အလုပ်တွေ မအားလို့ မရေးဖြစ်တာ ကြာသွားတယ်။
အားလုံး အားလုံး သွေ့ပုချိ!
ဒီနေ့တော့ ငါးဖယ်ခြစ်ဆီပြန်ဟင်းနဲ့ ချဉ်ပေါင်ကြော် ကြော်ပါမယ်ရှင်!
ငါးဖယ်ခြစ်ဆီပြန်ဟင်းအတွက် လိုအပ်သောပစ္စည်းများ
ငါးဖယ်ခြစ်၂၀သား
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ဂျင်းလက်တစ်စစ်လောက်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငံပြာရည် အနည်းငယ်၊
နနွင်းအနည်းငယ်၊
ငရုတ်အစိမ်းမှုန့်အနည်းငယ်နှင့်
ခရမ်းချဉ်သီးကြီးကြီး၁လုံးတို့
လိုအပ်ပါတယ်ရှင်။
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ဂျင်းလက်တစ်စစ်လောက်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငံပြာရည် အနည်းငယ်၊
နနွင်းအနည်းငယ်၊
ငရုတ်အစိမ်းမှုန့်အနည်းငယ်နှင့်
ခရမ်းချဉ်သီးကြီးကြီး၁လုံးတို့
လိုအပ်ပါတယ်ရှင်။
ချက်ပြုတ်နည်း
ကြက်သွန်နီဥကြီးတစ်လုံးကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၃မွှာကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ဂျင်းလက်တစ်စစ်လောက်ကို အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ခရမ်းချဉ်သီးကြီးကြီး၁လုံးကို ရေဆေးပြီး ပါးပါးလှီးထားပါ။
ငါးဖယ်ခြစ်၂၀သားကို ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်နဲ့ ထောင်းထားပါ။

ဒယ်အိုးထဲသို့ ဆီတစ်ဆယ်သားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ထောင်းထားသော ငါးဖယ်ခြစ်များကို လုံးပြီး ဒယ်အိုးထဲသို့ ဖြေးညင်းစွာထည့်ပြီး မီးအေးအေးနှင့် ကြော်ပါ။
(ငါးဖယ်ခြစ်များကို လုံးသောအခါ လက်တွင်ကပ်မနေစေရန် ဆီ(သို့) ငံပြာရည်ကို လက်တွင်စွတ်၍ ကိုင်ပါ)
အဝါရောင်သန်းပြီး အပေါ်ယံကျွတ်လာလျှင် ဆယ်ထားပါ။

ငါးဖယ်ငါးဆုပ်လုံးများ ကြော်ပြီးသောအခါ ဒယ်အိုးထဲမှ ဆီများကိုသပ်သက်ခပ်ထားပါ။
ဒယ်အိုးထဲ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ပြီးလျှင် ဒယ်အိုးထဲသို့ ထောင်းထားသော ဂျင်းကိုထည့်ပါ။
အနည်းငယ်နွမ်းလာလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး မွှေပေးပါ။

နွမ်း၍မွှေးလာလျှင် ငရုတ်အစိမ်းမှုန့်အနည်ငယ်ကိုထည့် ပြီး မွှေပေးပါ။
ပြီးလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးကို ထည့်ပြီးမွှေပေးပါ။
ခရမ်းချဉ်သီးများ နွမ်း၍လိတ်လာလျှင် ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ် နှင့် ငံပြာရည် အနည်းငယ်တို့ကို ထည့်ပြီးမွှေပေးပါ။
ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး ဟင်းရည်ဆူအောင်တစ်တည်ပေးပါ။
ပြီးလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးကို ထည့်ပြီးမွှေပေးပါ။
ခရမ်းချဉ်သီးများ နွမ်း၍လိတ်လာလျှင် ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်
ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး ဟင်းရည်ဆူအောင်တစ်တည်ပေးပါ။
ဟင်းရည်ဆူသောအခါ ကြော်ထားသော ငါးဖယ်ငါးဆုပ်လုံးများကို ထည့်ပြီး ဟင်းရည်ဆူအောင် ထပ်တည်ပေးပါ။
ဟင်းရည်ဆူသောအခါ အပေါ့အငန်မြည်းပြီး ဒယ်အိုးကိုချလို့ရပါပြီ။
ချဉ်ပေါင်ကြော် အတွက် လိုအပ်သောပစ္စည်းများ
ချဉ်ပေါင်ရွက်၁စီး
မျှစ်နု စိတ်ပြီးသား ၅ကျပ်သားခန့်၊
ပုဇွန်စိတ်၁၀သား၊(ပုဇွန်စိတ် မရလျှင် ပုဇွန်ခြောက်ကို သုံးနိုင်ပါသည်)
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ငရုတ်သီးစိမ်း၁၀တောင့်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငံပြာရည် အနည်းငယ်၊
နနွင်းအနည်းငယ်နှင့်
ငရုတ်အစိမ်းမှုန့်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ချဉ်ပေါင်ရွက်၁စီး
မျှစ်နု စိတ်ပြီးသား ၅ကျပ်သားခန့်၊
ပုဇွန်စိတ်၁၀သား၊(ပုဇွန်စိတ်
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ငရုတ်သီးစိမ်း၁၀တောင့်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငံပြာရည် အနည်းငယ်၊
နနွင်းအနည်းငယ်နှင့်
ငရုတ်အစိမ်းမှုန့်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ချက်ပြုတ်နည်း
ကြက်သွန်နီဥကြီးတစ်လုံးကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၃မွှာကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ငရုတ်သီးစိမ်း၁၀တောင့်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။
ပုဇွန်စိတ်၁၀သားကို ဆိတ်၍်ရေဆေးပြီး ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်နဲ့ နယ်ထားပါ။
ချဉ်ပေါင်ရွက်၁စီးကို အရွက်ချွေပြီးရေဆေးထားပါ။
ကြက်သွန်နီဥကြီးတစ်လုံးကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၃မွှာကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ငရုတ်သီးစိမ်း၁၀တောင့်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။
ပုဇွန်စိတ်၁၀သားကို ဆိတ်၍်ရေဆေးပြီး ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်နဲ့ နယ်ထားပါ။
ချဉ်ပေါင်ရွက်၁စီးကို အရွက်ချွေပြီးရေဆေးထားပါ။
ဒယ်အိုးထဲ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ပြီးလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး မွှေပေးပါ။
ပြီးလျှင် ပါးပါးလှီးထားသော ငရုတ်သီးစိမ်းများကိုထည့်ပါ။
ငရုတ်သီးစိမ်းများ နွမ်း၍မွှေးလာလျှင် ငရုတ်အစိမ်းမှုန့်အနည်ငယ်ကိုထည့် ပြီး မွှေပေးပါ။
ပြီးလျှင် နယ်ထားသော ပုဇွန်စိတ်များကို ထည့်ပါ။
ခြောက်၍အနံ့ မွှေးလာလျှင် ချွေထားသော ချဉ်ပေါင်ရွက်များနှင့် စိတ်ပြီးသားမျှစ်နုကို ထည့်ပါ။
နွမ်း၍လိတ်လာလျှင် ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ် ၊ ရေနှင့် ငံပြာရည် အနည်းငယ်တို့ကို ထည့်ပြီးမွှေပေးပါ။
ခြောက်ခြောက်ကလေးဖြစ်လာလျှင် ချလိုရပါပြီရှင်။
နေမကောင်းတဲ့ကြားမှ မျက်လုံးကိုအတင်းပြူးပြီး ရိုက်နေရတာပါ။ အမှားပါရင် ခွင့်လွှတ်ကြပါနော်!
အားလုံးခံတွင်းမြိန်ကြပါစေနော်!
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ပြီးလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး မွှေပေးပါ။
ပြီးလျှင် ပါးပါးလှီးထားသော ငရုတ်သီးစိမ်းများကိုထည့်ပါ။
ငရုတ်သီးစိမ်းများ နွမ်း၍မွှေးလာလျှင် ငရုတ်အစိမ်းမှုန့်အနည်ငယ်ကိုထည့်
ပြီးလျှင် နယ်ထားသော ပုဇွန်စိတ်များကို ထည့်ပါ။
ခြောက်၍အနံ့ မွှေးလာလျှင် ချွေထားသော ချဉ်ပေါင်ရွက်များနှင့် စိတ်ပြီးသားမျှစ်နုကို ထည့်ပါ။
နွမ်း၍လိတ်လာလျှင် ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်
ခြောက်ခြောက်ကလေးဖြစ်လာလျှင် ချလိုရပါပြီရှင်။
နေမကောင်းတဲ့ကြားမှ မျက်လုံးကိုအတင်းပြူးပြီး ရိုက်နေရတာပါ။ အမှားပါရင် ခွင့်လွှတ်ကြပါနော်!
အားလုံးခံတွင်းမြိန်ကြပါစေနော်!
0 comments:
Post a Comment