ဒီအပတ်ဂျာနယ်အတွက် ဆိုဖီ့ရဲ့ကျွမ်းကျင်ရာ၊လိမ္မာရြာ
ဒီအပတ်ဂျာနယ်အတွက် ဆိုဖီချက်မဲ့ဟင်းကတော့ ကြက်သားနှင့်ကြက်ဥပဲပြားကို ကော်ရည်လေးနဲ့တရုတ်စတိုင်ချက်မှ
ကြက်သားနှင့်ကြက်ဥပဲပြားတရုတ်ချ
ကြက်သားနှင့်ကြက်ဥပဲပြားတရုတ်ချ
ကြက်ဥပဲပြား၃ခု၊
ကြက်သား ၁၀၀ဂရမ်၊
ဆီငါးမတ်သား၊
ဂျင်းလက်တစ်ဆစ်၊
ကြက်သွန်ဖြူ၃မွှာ၊
အချိုမှုန့်အနည်းငယ်၊
ဆား အနည်းငယ်၊
သကြားအနည်းငယ်
ကော်မှုန့်အနည်းငယ်နှင့်
ပဲငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ကြက်ဥပဲပြား၃ခုကို အနေတော်လှီးထားပါ။
ကြက်သား ၁၀၀ဂရမ်ကို ပါးပါးလှီးထားပါ။
ဂျင်းလက်တစ်ဆစ်ကို ထောင်းထားပါ။
ကြက်သွန်ဖြူ၃မွှာကို ထောင်းထားပါ။
ကော်မှုန့်အနည်းငယ်ကို ရေဖျော်ထားပါ။
ကြော်နည်း
ဒယ်အိုးထဲသို့ ဆီ၁၀သားလောက် ထည့်ပါ။
ဆီပူလာလျှင် လှီးထားသောကြက်ဥပဲပြားကို အနည်းငယ်ကျွပ်အောင်ကြော်ပါ။
ထို့နောက် ဆီများကိုဖယ်လိုက်ပြီး ဆီငါးမတ်သားလောက်ဘဲ ထားရှိပါ။
ပြီးလျှင် ထောင်းထားသော ဂျင်းများကိုထည့်ပါ။
ဂျင်းများနွမ်းလာလျှင် ထောင်းထားပြီးသားကြက်သွန်ဖြူကို
နွမ်းပြီးမွှေးလာလျှင် ပါးပါးလှီးထားကြက်သားများကို ထည့်ပြီး ဆီသက်ပါ။
ကြက်သားကျက်လျှင် ကော်ရည်အနည်းငယ်ကို လောင်းပါ။
ပြီးလျှင် အနည်းငယ်ကျွပ်အောင်ကြော်ထားသော
အချိုမှုန့်၊ဆား နှင့်သကြားအနည်းငယ် တို့ကိုထည့်ပါ။
အပေါ့အငံမြည်းပြီး အိုးကိုချပါ။
အနံ့အရသာနှင့် ပြည့်စုံပြီး ထမင်းမြိန်စေမဲ့ ကြက်သားနှင့်ကြက်ဥပဲပြားတရုတ်ချ
0 comments:
Post a Comment