မြန်မာဆိုင်ဘာမှ မောင်နှမများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်!
ဒီတစ်ခါမြန်မာဆိုင်ဘာဂျာနယ်အတွ
က် ဆိုဖီ့ရဲ့ကျွမ်းကျင်ရာ၊လိမ္မာရြာ
ဖစ်တဲ့ "ချက်ပြုတ်ခြင်း အနုပညာ"နဲ့ တင်ဆက်ပေးပါရစေရှင်!
အခုဆိုဖီချက်မဲ့ဟင်းကတော့ ဝက်၊ကြက်၊အမဲသား မစားတဲ့လူများအတွက် စွဲဆောင်မှုတစ်မျိုးနဲ့ စားလို့ကောင်းစေမှာ အမှန်ဖြစ်ပါတယ်ရှင်!
ဆိုဖီချက်မဲ့ဟင်းရဲ့အမည်ကတော့ မလေးစတိုင်ပုဇွန်အစပ်ချက်(သို့)
Nasi Paprik Udang Pedasလို့ခေါ်ပါတယ်ရှင်!
မလေးစတိုင်ပုဇွန်အစပ်ချက်(သို့)Nasi Paprik Udang PedasNasi Paprik Udang Pedasတွင်ပါဝင်သောပစ္စည်းများ
ဆီ၂ကျပ်ခွဲသား၊
ပုဇွန်အရွယ်တော်၁၅ကောင်၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ဂျင်းလက်တစ်ဆစ်၊
ပဲသီး၃တောင့်၊
ငရုတ်သီးစိမ်း၁၀တောင့်၊
ပန်းဂေါ်ဖီအနည်းငယ်၊
မျှင်ငါးပိအနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ကော်မှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်နှင့်
ငရုတ်ဆီအနည်းငယ်
တို့လိုအပ်ပါတယ်ရှင်။
ပြင်ဆင်ချက်ပြုတ်ပုံပုံမှာ
ပြထားတဲ့အတိုင်း ပုဇွန်အရွယ်တော်၁၅ကောင်ကို အခွံချွတ်၊ခေါင်းဖြုတ်
အမြှီးချန် ကြောခွဲချေးထုတ်ပြီး အချိုမှုန့်အနည်းငယ်၊ဆားအနည်းငယ်
၊နနွင်းအနည်းငယ်တို့နှင့် နယ်ပြီးနှပ်ထားပါ။ကြက်သွန်နီ
ဥကြီးတစ်လုံးကိုအခွံနွှာရေဆေးပြီ
း ၄စိတ်စိတ်ထားပြီးမွှာထားပါ။ကြက်
သွန်ဖြူ ၃မွှာကိုလဲအခွံနွှာရေဆေးပြီး ထောင်းထားပါ။ဂျင်းလက်တစ်ဆစ်ကို
လဲ အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။ငရုတ်သီးစိမ်း
၁၀တောင့်ကို အညှာခြွေရေဆေးပြီးထောင်းထားပါ။
ပဲသီး၃တောင့်နှင့်ပန်းဂေါ်ဖီအနည်
းငယ်တို့ကို အနေတော်လေးလှီးထားပါ။မျှင်ငါးပိ
်အနည်းငယ်ကို ရေစိမ်ထားပေးပါ။
ဒယ်အိုးထဲသို့ ဆီ၂ကျပ်ခွဲသားလောက် ထည့်ပြီးအပူပေးပါ။ဒယ်အိုးထဲသို့ ပါးပါးလှီးထားသောဂျင်းကိုထည့်ပါ
၊ပြီးလျှင် မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေေ
ပးပါ။အနည်းငယ်နွမ်းလာလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။အနည်းငယ်န
ွမ်းလာလျှင်
ထောင်းထားသောငရုတ်သီးစိမ်းကို ထည့်ပါ။မီးအနေတော်နှင့် ၂မိနစ်ခန့်
ဆီသက်ပြီးလျှင် နယ်ထားသောပုဇွန်များကိုထည့်ပြီး ဆီသက်ပါ။
ပုဇွန်များကျက်လာသောအခါဆားအနည်း
ငယ်၊အချိုမှုန့်အနည်းငယ်၊ပဲငံပြာ
ရည်အနည်းငယ်၊ငရုတ်ဆီအနည်းငယ်၊မှ
ျင်ငါးပိရည်အနည်းငယ်နဲ့ ကော်မှုန့်အနည်းငယ်ကိုရေဖျော်ပြီ
းထည့်ပါ။ ပြီးရင်မြည်းကြည့် လိုတာထပ်ထည့်၊လှီးထားတဲ့ ပဲသီးနှင့်ပန်းဂေါ်ဖီအနည်းငယ်တို
့ကို တို့ကိုထည့်ပြီး အဖုံးအုပ်ပြီး၃မိနစ်ထား။အချိန်ြ
ပည့်ရင်
အရသာထပ်မြည်းကြည့်ပြီး အိုးကိုချပါ။ အနံ့အရသာနှင့်ပြည့်စုံသော
မလေးစတိုင်ပုဇွန်အစပ်ချက်ကို အောက်ပါပုံလေးအတိုင်း မြင်ကြရပါမယ်ရှင်!
ဆိုဖီအခုချက်တဲ့
မလေးစတိုင်ပုဇွန်အစပ်ဟင်းကတော့ Selangorပြည်နယ်, Jalan Hulu Langkatက IKI
မလေးစားသောက်ဆိုင်ရဲ့ ချက်နည်းလေး ဖြစ်ပါတယ်။ Nasi Paprik Udang
Pedasချက်နည်းဟာ နေရာဒေသအလိုက် အနည်းငယ်ကွဲပြားမှုလဲ ရှိနိုင်ပါတယ်ရှင်!
P.S.
Nasi =ထမင်း
Paprik Udang Pedas=ပုဇွန်အစပ်ချက်
0 comments:
Post a Comment