ပါဝင်သော ပစ္စည်းများ
ငါးပုတ်သင် ကီလိုဝက်(အကောင်အကြီး၆ကောင်)
ဆီ၅ကျပ်သား၊
ကြက်သွန်နီဥကြီး၂လုံး၊
ကြက်သွန်ဖြူကြီးကြီးတစ်လုံးရဲ့
ဂျင်းအနည်းငယ်၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နံနံပင်အနည်းငယ်၊
ငရုတ်သီးစိမ်း၇တောင့်၊
မန်ကျည်းအနှစ်အနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်။
ငါးပုတ်သင်ကို ခုတ်ထစ်ရေဆေးပြီး ဆား၊နနွင်း၊အချိုမှုန့်၊ငံပြာရည်
ဂျင်းအနည်းငယ်ကိုထောင်းထားပြီး
ကြက်သွန်ဖြူကိုလဲ ထောင်းထားပြီးသပ်သပ်ထားပါ၊
ကြက်သွန်နီနှစ်လုံးကိုပါးပါးလှ
ငါးပုတ်သင်အချဉ်ဆီပြန်ဟင်း ချက်ပြုတ်နည်း
ဒယ်အိုးထဲသို့ ဆီ၅ကျပ်သားလောက် ထည့်ပါ။ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပါ။
ပြီးလျှင် ထောင်းထားပြီးသား ဂျင်းအနည်းငယ်ကို တစ်ထည့်ပါ
အနည်းငယ်ကျွပ်လာမှ ထောင်းထားပြီးသား ကြက်သွန်ဖြူကိုထည့်ပါ။
အဲဒီ၂ခုနွမ်းပြီးမွှေးလာမှ လှီးပြီးသားကြက်သွန်နီကိုထည့်ြ
နွမ်းလာလျှင် ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ကို
နယ်ထားသော ငါးပုတ်သင်များကို ထည့်ပြီးဆီသက်ပါ။
ဆီသံတဖျစ်ဖျစ်မြည်တဲ့အထိ ဆီသက်ပေးပါ။
အထက်အောက် ဖြေးဖြေးစီလှန်ပေးပါ။
ပြီးရင် မန်ကျည်းနှစ်အနည်းငယ်ဖျော်ပြီး
ဟင်းရည်ဆူလာရင် ငရုတ်သီးစိမ်းကို ညှပ်ပြီးထည့်ပါ။
ရေခန်းပြီးဆီပြန်လာရင် အပေါ့အငံမြည်း လိုတာထပ်ထည့်ပါ။
အိုးချခါနီးရင် နံနံပင်အနည်းငယ်ကို ညှပ်ပြီးထည့်ပါ။
အနေတော်ဘဲမို့ စားလို့ရပါပြီရှင်!
0 comments:
Post a Comment