မလေးစတိုင်ပြည်ကြီးငါးအစပ်ချက်(
သို့)Nasi Paprik Sotong Pedas
Nasi Paprik Sotong Pedasတွင်ပါဝင်သောပစ္စည်းများ
ဆီ၂ကျပ်ခွဲသား
ပြည်ကြီးငါးအရွယ်တော်၁၀ကောင်၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ဂျင်းလက်တစ်ဆစ်၊
ပဲသီး၃တောင့်၊
ငရုတ်သီးစိမ်း၁၀တောင့်၊
ပန်းဂေါ်ဖီအနည်းငယ်၊
မျှင်ငါးပိအနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ကော်မှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်နှင့်
ငရုတ်ဆီအနည်းငယ်
တို့လိုအပ်ပါတယ်ရှင်။
ပြင်ဆင်ချက်ပြုတ်ပုံ
်ပြည်ကြီးငါးအရွယ်တော်၁၀ကောင်ကိ
ု အခွံချွတ်၊ခေါင်းဖြုတ် အညစ်အကြေးသန့်စင်ပြီး အရွယ်တော်လှီးကာ အရာပေးပါ။ပြီးလျှင် ရေဆေးပြီး အချိုမှုန့်အနည်းငယ်၊ဆားအနည်းငယ်
၊နနွင်းအနည်းငယ်တို့နှင့် နယ်ပြီးနှပ်ထားပါ။ကြက်သွန်နီ
ဥကြီးတစ်လုံးကိုအခွံနွှာရေဆေးပြီ
း ၄စိတ်စိတ်ထားပြီးမွှာထားပါ။ကြက်
သွန်ဖြူ ၃မွှာကိုလဲအခွံနွှာရေဆေးပြီး ထောင်းထားပါ။ဂျင်းလက်တစ်ဆစ်ကို
လဲ အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။ငရုတ်သီးစိမ်း
၁၀တောင့်ကို အညှာခြွေရေဆေးပြီးထောင်းထားပါ။
ပဲသီး၃တောင့်နှင့်ပန်းဂေါ်ဖီအနည်
းငယ်တို့ကို အနေတော်လေးလှီးထားပါ။မျှင်ငါးပိ
်အနည်းငယ်ကို ရေစိမ်ထားပေးပါ။
ဒယ်အိုးထဲသို့ ဆီ၂ကျပ်ခွဲသားလောက် ထည့်ပြီးအပူပေးပါ။ဒယ်အိုးထဲသို့ ပါးပါးလှီးထားသောဂျင်းကိုထည့်ပါ
၊ပြီးလျှင် မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေေ
ပးပါ။အနည်းငယ်နွမ်းလာလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။အနည်းငယ်န
ွမ်းလာလျှင် ထောင်းထားသောငရုတ်သီးစိမ်းကို ထည့်ပါ။မီးအနေတော်နှင့် ၂မိနစ်ခန့် ဆီသက်ပြီးလျှင် နယ်ထားသော်ပြည်ကြီးငါးများကို
ထည့်ပြီး ဆီသက်ပါ။
ပြည်ကြီးငါးများကျက်လာသောအခါဆား
အနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ပဲ
ငံပြာရည်အနည်းငယ်၊ငရုတ်ဆီအနည်း
ငယ်၊မျှင်ငါးပိရည်အနည်းငယ်နဲ့ ကော်မှုန့်အနည်းငယ်ကိုရေဖျော်ပြီ
းထည့်ပါ။ ပြီးရင်မြည်းကြည့် လိုတာထပ်ထည့်၊လှီးထားတဲ့ ပဲသီးနှင့်ပန်းဂေါ်ဖီအနည်းငယ်တို
့ကို တို့ကိုထည့်ပြီး အဖုံးအုပ်ပြီး၃မိနစ်ထား။အချိန်ြ
ပည့်ရင် အရသာထပ်မြည်းကြည့်ပြီး အိုးကိုချပါ။ အနံ့အရသာနှင့်ပြည့်စုံသော မလေးစတိုင်ပြည်ကြီးငါးအစပ်ချက်
ကို အောက်ပါပုံလေးအတိုင်း မြင်ကြရပါမယ်ရှင်!
ဆိုဖီအခုချက်တဲ့ မလေးစတိုင်ပုဇွန်အစပ်ဟင်းကတော့ Selangorပြည်နယ်, Jalan
Hulu Langkatက IKI မလေးစားသောက်ဆိုင်ရဲ့ ချက်နည်းလေး ဖြစ်ပါတယ်။ Nasi
Paprik Sotong Pedasချက်နည်းဟာ နေရာဒေသအလိုက် အနည်းငယ်ကွဲပြားမှုလဲ
ရှိနိုင်ပါတယ်ရှင်!
P.S.
Nasi =ထမင်း
Paprik Sotong Pedas=ပြည်ကြီးငါးအစပ်ချက်
0 comments:
Post a Comment