Pages

Sunday, 27 October 2013

ဝက်နံရိုးအာလူးဟင်းဆီပြန်

ဝက်နံရိုးအာလူးဟင်းဆီပြန်

လိုအပ်သောပစ္စည်းများ

ဝက်နံရိုးကီလိုဝက်၊
အာလူးအလုံးကြီး၃လုံး၊
ဆီ၅ကျပ်သား၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၆မွှာခန့်၊
ဂျင်းအနည်းငယ်၊
ဆားအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ၊်
အချိုမှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

ချက်နည်း

ကြက်သွန်နီဥကြီး၁လုံးကို အခွံနွှာ ရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ၆မွှာကို အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။
ဂျင်းအနည်းငယ်ကိုလည်း အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။
ဝက်နံရိုးကီလိုဝက်ကို ခုတ်ထစ်ရေဆေးပြီး နနွင်းအနည်းငယ်၊ဆားအနည်းငယ်၊ပဲငံပြာရည်အပြစ်အနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်တို့ နှင့် သမအောင်နယ်ထားပါ။
အာလူးအလုံးကြီး၃လုံးကို အခွံနွှာရေဆေးပြီး လေးစိတ်စိတ်ထားပါ။

ဒယ်အိုးထဲသို့ ဆီ၅ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူနှင့်ဂျင်းထည့်ပါ။
ပြီးလျှင် ပါးပါးလှီးထားကြက်သွန်နီများကိုထည့်ပေးပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ငရုတ်သီးအစိမ်ုးမှုန့်အနည်းငယ်နှင့် နယ်ထားသော ဝက်နံရိုးနှင့်အာလူးများကို ထည့်ပြီးဆီသပ်ပါ။
အသားကျက်၍မွှေးလာလျှင် ရေကိုအသားမြုပ်ရုံထည့်ပြီး မီးအေးအေးနှင့်တည်ပါ။
ဟင်းကျက်သောအခါ အရေလည်းခမ်း အဆီလဲပြန်ပြီး အောက်ကပြထားသောပုံအတိုင်း တွေ့ရပါမယ်ရှင်။

0 comments:

Post a Comment