ခုတလောဆိုဖီ အသားငါးတွေ စားချင်တဲ့စိတ်ပျောက်နေပါတယ်။
ဒီတော့ရှားရှားပါးပါးရထားတဲ့ ဇရစ်ဖူးကို ငါးပိလေးနဲ့အစပ်ကြော်စားပါမယ်။
ဇရစ်ဖူးအစပ်ကြော်
လိုအပ်သောပစ္စည်းများ
ဇရစ်ဖူးတစ်စီး၊
ဆီ၂ကျပ်ခွဲသား၊
ကြက်သွန်နီ၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ပုဇွန်အခြောက်မှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
ငရုတ်သီးစိမ်း၅တောင့်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
မျှင်ငါးပိအနည်းငယ်၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်နှ
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ချက်နည်း
ဇရစ်ဖူးကိုအနေတော်ခြွေပြီး ရေနွေးနဲ့ခဏပြုတ်ပါ။(အဖန်ရေတွေ ထွက်သွားစေရန် ဖြစ်ပါသည်)
ကြက်သွန်နီ၁လုံးကို အခွံနွှာ ရေဆေးပြီး ပါးပါးလှီးထားပါ။
ပုဇွန်ခြောက်နည်းနည်းကို ထောင်း၊မညက်တညက်မှာ ကြက်သွန်ဖြူ၃မွှာကို အခွံနွှာ ရေဆေးပြီး ထောင်းပါ။
ပြီးရင် ငရုတ်သီးစိမ်း၅တောင့်ကိုလည်း အညှာချွေရေဆေးပြီး ရောထောင်းထားပါ။
မျှင်ငါးပိအနည်းငယ်ကို ရေဆေးပြီးစိမ်ထားပါ။
ဒယ်အိုးထဲသို့ ဆီ၂ကျပ်ခွဲသားထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပြီး ပါးပါးလှီးထားကြက်သွန်နီများကို
ပြီးလျှင်ထောင်းထားသော ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းနှင့် ပုဇွန်ခြောက်မှုန့်များကိုထည့်ပါ
အနည်းငယ်နွမ်း၍မွှေးလာလျှင် ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ကို
ငါးပိရေကိုထည့်ပါ၊ဇရစ်ဖူး၊ဆား
(ဘာမှမဟုတ်ဖူး စိတ်ကူးပေါက်ပြီး ထချက်တာ၊ စားလို့ကောင်းသွားလို့)
0 comments:
Post a Comment