Pages

Sunday, 27 October 2013

ဝက်ခေါင်းသုပ် ချဉ်ငံစပ်

ဝက်ခေါင်းသုပ် ချဉ်ငံစပ် တောင်းဆိုတဲ့သူကလဲ များသလားမမေးနဲ့။ ဂျီးဒေါ်ဘာလုပ်နေလဲ? ဝိတ်လျှော့နေလား? ဟင်းချက်ပါဦးတဲ့။  ဂျီးဒေါ်မအားလွန်းလို့ပါကွယ် လှုပ်လို့မရ လှည့်လို့မရမို့ပါကွယ်။ ပို့(စ်)တွေ လာဖတ်လိုက် အလုပ်ပေါ်လာလို့ပြေးလိုက်နဲ့ အားဝူးကွယ်။ ခုတော့ တောင်းဆိုတဲ့သူ များလွန်းလို့ ကိုယ်ထင်ပြကာ နှိပ်စက်ပါဦးမယ် ခင်ဗျာ!ပြီးခဲ့တဲ့အပတ်က လူကြိုက်များခဲ့တဲ့ ဝက်ခေါင်းသုပ် သုပ်ပြပါမယ်ခင်ဗျ။
ပထမဆုံးဝက်ခေါင်းကို ရေဆေးပြီး ဆား၊ပဲငံပြာရည်၊သကြားနဲ့ ရေမြုပ်ရုံထည့်ပြီး ပြုတ်ပါတယ်။ရေခန်းပြုတ်ပြီးရင်ဆယ်ပြီး ပန်းကန်ထဲထည့်ပြီး အအေးခံထားပါတယ်။ လေသလပ်သွားရင်  ချဉ်ငံစပ်အသုပ်လေးတွေက မာပြီးထုတ်ထုတ် ထုတ်ထုတ်နဲ့ ပိုပြီးစားလို့ကောင်းပါတယ်။ဝက်ေ
ခါင်းကိုပါးပါးလှီးပြီး၊သခွါးသီးနည်းနည်း၊ဆလပ်ရွက်နည်းနည်း၊ရှောက်ရွက် ၂ရွက်၊ငရုတ်သီးစိမ်း၂တောင့်နဲ့ ကြက်သွန်နီတစ်လုံးကိုပါးပါးလှီးထားပါ။သံပုရာသီးကို အစေ့ပျောက် လှီးထားပါ။
ပြီးရင်အဲဒါတွေထဲကို ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ပဲကျက်မှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ငရုတ်ဆီအနည်းငယ်၊သံပုရာသီး၁စိတ်နဲ့ ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်တို့ကိုထည့်ပြီး သုပ်ပါ။မြည်းကြည့်တာ အနေတော်ဘဲမို့ စားလို့ရပါပြီရှင်! မထင်မှတ်ဘဲ ရောက်လာသော ဧည့်သည်များကြောင့် ဒုံပတ် မရိုက်အားတော့ပါ အမှီစွဲရပါတော့သည်။ ဤဧည့်သည်များမှာ အားမနာတတ်သူများ ဖြစ်သောကြောင့် ငတ်သွားနိုင်သောကြောင့်ပါခင်ဗျား!

0 comments:

Post a Comment