နောက်တစ်ခါထပ်ပြီး လက်စွမ်းပြမှာကတော့ ပုဇွန်ခြောက်အချိုကြော်(ငါးခြော
က်ထောင်းစတိုင်)နဲ့ငါးပိကောင်
အစပ်ကြော်တို့ ဖြစ်ပါတယ်ရှင်!
လိုအပ်သောပစ္စည်းများ
ဆီ၁၅ကျပ်သား၊
ပုဇွန်ခြောက်၁၅ကျပ်သား၊
ငါးပိကောင်အနည်းငယ်(လက်တစ်လုံးေ
လာက်အထူကို အလျှားအနံ ၂"ခွဲ၊၄"လောက်ရှိတဲ့ အတုံးလေးဗျာ။အလေးချိန် မကြည့်ထားမိလို့ပါ။၁၀သားမရှိတရှ
ိလောက် ရှိမယ်ထင်ပါတယ်)
ငရုတ်သီးအခြောက်၅ကျပ်သား၊
ကြက်သွန်နီဥကြီး၁ကီလို၊
ကြက်သွန်ဖြူအမွှာကြီး၃လုံးခန့်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်၊
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ကြော်လှော်နည်း
ပထမဦးစွာ ကြက်သွန် ဖြူ/နီများကို အခွံနွှာ ရေဆေးပြီးပါးပါးလှီးထားပါ။ပုဇွ
န်ခြောက်ကို အမှုန့်ကြိတ်ပါ။ငရုတ်သီးအခြောက်
များကိုလဲ ကြိတ်ထားပါ။ငါးပိကောင်ကို အတုံးသေးသေးများတုံးထားပါ။
ဒုတိယအနေနှင့် ဒယ်အိုးကိုအပူပေးပြီး ဆီ၁၅ကျပ်သားကိုထည့်ပါ။ ဆီပူလာလျှင် နနွင်းအနည်းငယ်ကိုထည့်ပါ။(ကြက်
သွန်ကြော်အရောင်လှစေရန်
ဖြစ်ပါသည်) ထို့နောက် လှီးထားသော ကြက်သွန်နီများကို အဝါရောင်သန်းပြီး
ကြွပ်နေအောင် မီးအေးအေးနဲ့ကြော်ပါ။ ပြီးရင် ကြက်သွန်နီကြော်များကိုဆယ်ထာြး
ပီး လှီးထားသော ကြက်သွန်ဖြူများကို အဝါရောင်သန်းပြီး ကြွပ်နေအောင် မီးအေးအေးနဲ့ထပ်ပြီးကြော်ပါ။ကျ
က်ရင် ကြက်သွန်ဖြူကြော်များကိုဆယ်ထာြး
ပီး ဒယ်အိုးထဲဆီများကိုလဲ တဝက်လောက်ဖယ်ထားပါ။
ဒယ်အိုးထဲသို့ ပုဇွန်ခြောက်အမှုန့်များကိုထည့်ြ
ပီး မီးအေးအေးနဲ့ကြော်ပါ။ဆားအနည်း
ငယ်နဲ့ အချိုမှုန့်အနည်းငယ်ကို သင့်သလိုထည့်ပါ။မီးဖိုမီးပိတ်ပါ
။ ကြော်ထားသော ပုဇွန်ခြောက်အမှုန့်များထဲကို ကြက်သွန်ဖြူကြော်၊ ကြက်သွန်နီကြော်များရောပြီး မွှေပါ။(အကုန်မထည့်နဲ့ဦး၊ငါးပိေ
ကာင်အစပ်ကြော်ဖို့ တဝက်ချန်ထားဦးနော်)နည်းနည်းအေး
ရင် ဗူးခြောက်ခြောက်သန့်သန့်တစ်ခုထဲ
ကိုထည့်ပါ။ ပုံထဲကအတိုင်း မြင်ရမယ်နော်!
တတိယစအနေနဲ့ ငါးပိကောင်အစပ်ကြော်ကြော်ပါတော့
မယ်။ ဒယ်အိုးထဲကို စောစောကတဝက်ဖယ်ထားတဲ့ ဆီကိုထည့်ပါ။ ဆီပူလာရင် ကြိတ်ထားသောငရုတ်သီးကို ထည့်ပါ။အစိမ်းနံ့ပျောက်ပြီးကျက်
နေအောင် ကြော်ပါ။ ငရုတ်သီးကျက်လျှင် တုံးထားသော ငါးပိကောင်ကို ဆီနာနာသက်ပါ။ ကျက်လောက်ရင်ပုဇွန်ခြောက်အမှုန်
့နည်းနည်း၊ဆားအနည်းငယ်၊အချိုမှု
န့်အနည်းငယ်၊ငံပြာရည်အနည်းငယ်တိ
ု့ကိုထည့်ပြီး
မွှေပါ။ကျက်ရင်မီးဖိုမီးပိတ်ပါ။ ကြော်ထားသော အိုးထဲကို ကြက်သွန်ဖြူကြော်၊
ကြက်သွန်နီကြော်များရောပြီး မွှေပါ။နည်းနည်းအေးရင်
ဗူးခြောက်ခြောက်သန့်သန့်တစ်ခုထဲ
ကိုထည့်ပါ။ ပုံထဲကအတိုင်း ထပ်ပြီးမြင်ရမယ်နော်!
0 comments:
Post a Comment