ခုတလော အစားအသောက် တော်တော်ငတ်ပါတယ်။အမဲသား၊ဆိတ်သား၊ပင်လယ်ငါးတွေ
မစားသောဒေါ်ဆိုဖီ ဒီတစ်လအတွင်း ဒုက္ခနဲ့လှလှတွေ့ပါတယ်။ ဘာတွေချက်ရမှန်းကို
မသိတော့ပါဘူး။ စားနေကျ ရေချိုငါးတွေ ငါးခူနဲ့ငါးပြေမကလွဲရင်
ဘာမှမရှိဘူး။ငါးပြေမတွေကလဲ ခြင်းထဲမှာ လက်လက်ထနေတော့လဲ
မစားရဲပြန်ဘူးလေ။ဒီတော့ ဟင်းအတုနဲ့တူအောင်ချက်မယ်ဆိုပြီး
ယောင်သောက်ဖူးထဲတွင် အဆာအဖြစ်ထည့်သော ငါးခြစ်များကို ငါးဖယ်ခြစ်ပုံဖမ်း၍
ချက်ထားသောအကြောင်းကို ရေးပါတော့မည့်အကြောင်း ကြေငြာမောင်း!
ငါးခြစ်ငါးဆုတ်လုံးအချဉ်ဆီပြန်ဟင်းအတွက် လိုအပ်သောပစ္စည်းများ
ငါးခြစ်ကီလိုဝက်
(၃၀သား ကျော်ကျော်ရှိပါသည် အားလုံးအပေါ့အငံပါပြီးသားပါ)
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၅မွှာခန့်၊
ဂျင်းလက်တစ်စစ်လောက်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငံပြာရည် အနည်းငယ်၊
နနွင်းအနည်းငယ်၊
ငရုတ်သီးစိမ်း၉တောင့်၊
ငရုတ်အစိမ်းမှုန့်အနည်းငယ်နှင့်
ခရမ်းချဉ်သီးကြီးကြီး၂လုံးတို့
လိုအပ်ပါတယ်ရှင်။
ချက်ပြုတ်နည်း
ကြက်သွန်နီဥကြီးတစ်လုံးကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၅မွှာကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ဂျင်းလက်တစ်စစ်လောက်ကို အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ခရမ်းချဉ်သီးကြီးကြီး၂လုံးကို ရေဆေးပြီး ပါးပါးလှီးထားပါ။
ငရုတ်သီးစိမ်း၉တောင့်ကို အညှာချွေပြီး ရေဆေးထားပါ။
ဒယ်အိုးထဲသို့ ဆီတစ်ဆယ်သားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ငါးခြစ်များကို လုံးပြီး ဒယ်အိုးထဲသို့ ဖြေးညင်းစွာထည့်ပြီး မီးအေးအေးနှင့် ကြော်ပါ။
အဝါရောင်သန်းပြီး အပေါ်ယံကျွတ်လာလျှင် ဆယ်ထားပါ။
်ငါးဆုပ်လုံးများ ကြော်ပြီးသောအခါ ဒယ်အိုးထဲမှ ဆီများကိုသပ်သက်ခပ်ထားပါ။
ဒယ်အိုးထဲ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ပြီးလျှင် ဒယ်အိုးထဲသို့ ထောင်းထားသော ဂျင်းကိုထည့်ပါ။
အနည်းငယ်နွမ်းလာလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး မွှေပေးပါ။
နွမ်း၍မွှေးလာလျှင် ငရုတ်အစိမ်းမှုန့်အနည်ငယ်ကိုထည့်ပြီး မွှေပေးပါ။
ပြီးလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးကို ထည့်ပြီးမွှေပေးပါ။
ခရမ်းချဉ်သီးများ နွမ်း၍လိတ်လာလျှင် ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်နှင့် ငံပြာရည် အနည်းငယ်တို့ကို ထည့်ပြီးမွှေပေးပါ။
ပြီးလျှင် အညှာချွေထားသားသော ငရုတ်သီးစိမ်းနှင့်ကြော်ထားသော ငါးဖယ်ငါးဆုပ်လုံးများကို ထည့်ပါ။
ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး ဟင်းရည်ဆူအောင်တစ်တည်ပေးပါ။
ဟင်းရည်ဆူသောအခါ အပေါ့အငန်မြည်းပြီး ချက်ပြုတ်ခြင်းပြီးပါပြီရှင်။
အဲဒီငါးခြစ်ငါးဆုတ်လုံးအချဉ်ဆီပြန်ဟင်းကို ဂေါ်ဖီအပျင်းကြော်ထားတာလေးနဲ့ တွဲဖက်စားသုံးခဲ့ပါတယ်ရှင်!
Pages
Sunday, 27 October 2013
Blog Archive
-
▼
2013
(67)
-
▼
October
(65)
- မလေးစတိုင်ပြည်ကြီးငါးနှင့်ပုဇွန်ချိုချဉ်ကြော်(သို့...
- တရုတ်စတိုင် ငါးပေါင်း
- ကြက်သားနှင့်ကြက်ဥပဲပြားတရုတ်ချက်
- ကြက်သားနှင့်ကြက်သွန်မိတ်ကြော်
- တရုတ်စတိုင် ငါးချိုချဉ်ကြော်!
- ပုဇွန်ထုတ်ပြုတ်ကြော်!
- ဝက်+ပဲငါးပိ အချိုချက်(သို့) တရုတ်ချက်
- မလေးစတိုင် ကန်ပုံငါးချိုချဉ်ကြော်
- ကြက်တောင်ပံကြော်၊ ပဲဟင်းချိုနဲ့ ငရုတ်သီးဆားထောင်း
- ကြက်သား ကာလသားဟင်း
- ဝက်သားအချိုချက်(သို့) တရုတ်ချက်
- အရသာရှိပြီး အမြန်စားနိုင်သော ခေါက်ဆွဲပြုတ်နည်း
- ပုဇွန်ဂွက်ကြော်သုပ်
- သံပုရာချဉ်သုပ်နဲ့ပုတက်စာဟင်းခါး
- ငရုတ်သီးစိမ်း ငါးပိချက်
- ကိုက်လံကြော်နည်း
- အပျင်းဆိုဖီရဲ့ ဂေါ်ဖီကြော်နည်း
- ငါးရံ့နှင့်သရက်သီး ဆီပြန်ရေကျန်ချက်ပြုတ်နည်း
- ငါးခြစ်ငါးဆုတ်လုံးအချဉ်ဆီပြန်ဟင်း
- ဂေါ်ဖီဟင်းခါးနှင့် ကြက်အရေခွံသုပ်
- ကြက်သားချိုချဉ်ကြော်
- ဘဲသားဆီပြန်ဟင်း
- ခရုပြုတ်နှင့်အချဉ်ရေ
- ပြောင်းဖူးကြော်
- အလွန်လွယ်ကူမြန်ဆန်ပြီး ထမင်းစားကောင်းစေသောနည်း
- ပုဇွန်ကြော်နှင့်အာလူးကြော်
- မြင်းခွါရွက်နဲ့ရှောက်သီးအရောသုပ်
- ကြက်ကုန်းဘောင်ကြီးကြော်
- နို့စိမ်းကျောက်ကျောပြုလုပ်နည်း
- မြန်ကောင်းလွယ်ကူတဲ့ ပုဇွန်ချဉ်သုပ်လေး
- ဝက်နံရိုးအာလူးဟင်းဆီပြန်
- ဝက်ခြေထောက်စွပ်ပြုတ်
- ပုဇွန်ခြောက်အချိုကြော်နဲ့ငါးပိကောင်အစပ်ကြော်
- ချွေတာရေးဟင်း
- ထမင်းသုတ်
- ဝက်ကလီစာအချိုချက်
- ဝက်ချိုချဉ်ကြော်
- ကုလားပဲသုတ်
- ဇရစ်ဖူးအစပ်ကြော်
- စားတော်ပဲပြုတ်
- ငါးဇင်ရိုင်းဆီပြန်ရေကျန်ချက်ပြုတ်နည်း
- ငါးပြေမအချဉ်ဆီပြန်ဟင်း
- ကိုက်လံကြော်နဲ့ပုဇွန်စိတ်ကြော်
- "ငါးဖယ်ခြစ်ဆီပြန်ဟင်း၊ ပဲစိမ်းဗူးကြော်၊မရမ်းသီးငါး...
- ငါးခူကြော်နှင့် မျှစ်ချဉ်ဟင်း!
- ကင်ပွန်းရွက်ကြော်
- အိမ်ဖြစ်ထမင်းကြော်
- ချဉ်ငံစပ်ဝက်ခေါက်သုပ်
- ကန်စွန်းရွက်၊ငါးပိအစပ်ကြော်
- ကြက်သားနှင့်ဂျူးဖူးကြော်
- မလေးစတိုင်ပုဇွန်အစပ်ချက်(သို့)Nasi Paprik Udang Pedas
- မလေးစတိုင်ပြည်ကြီးငါးအစပ်ချက်(သို့)Nasi Paprik Sot...
- မြန်ကောင်းလွယ်ကူ ချဉ်ငံစပ်လ္ဘက်သုပ်
- ငါးဖယ်ခြစ်ဆီပြန်ဟင်းနဲ့ ချဉ်ပေါင်ကြော်
- ငါးခူစဉ်းကော
- ဝက်ခေါင်းသုပ် ချဉ်ငံစပ်
- ငါးသားလောက်ကို ရိုးရိုးထမင်းပေါင်းအိုးနဲ့ပေါင်းတဲ့...
- ဝက်သားဆီပြန်ဟင်းနဲ့ ဘုံလုံသီးအချိုချက်ဟင်း
- ငါးပုတ်သင် အချဉ်ဆီပြန်ဟင်း
- ကန်စွန်းရွက်အချိုကြော်
- ငါးခူမွှေကြော်၊ မြင်းခွါရွက်သုပ်နှင့် ဘူးသီးဟင်းခါး
- ကြက်ကုန်းဘောင်ကြီးကြော်
- အသုပ်စုံ
- ကြက်ရိုး၊ပဲသုပ်
- ဝေဒနာဟောင်းရဲ့နိဂုံး
-
▼
October
(65)
0 comments:
Post a Comment