ကဲ! ခုချိန်ကစပြီး မျက်စိနောက်လောက်အောင်ကို ချက်ပြပါမည်။
ဒီနေ့ဒါတွေချက်မယ် "ငါးဖယ်ခြစ်ဆီပြန်ဟင်း၊ ပဲစိမ်းဗူးကြော်၊မရမ်းသီးငါးပိေ
ပြီးခဲ့တဲ့ညဈေးနေ့က ငါးဖယ်တွေရတယ်၊ မစားရတာကြာတော့ အားရပါးရ ၁ကီလိုဝယ်ထည့်လိုက်တယ်။ အားရပါးရ ခြစ်ပေဦးဒေါ်ဆိုဖီပေါ့!
ငါးဖယ်၁ကီလိုကို အရေခွံလွှာ ခြစ်၊ဆား၊အချိုမှုန့်၊နနွင်းမှုန်
ငါးဖယ်ခြစ်ဆီပြန်ဟင်းအတွက် လိုအပ်သောပစ္စည်းများ
ငါးဖယ်ခြစ်၁၂လုံး၊( ၁ယောက်ကို၎လုံးကျ ၃ယောက်၁၂လုံး အဲဒီလိုကွက်တိချက်တယ် ပိုယူ၍မရ)
ဆီနှစ်ကျပ်ခွဲသား
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ဂျင်းလက်တစ်စစ်လောက်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငံပြာရည် အနည်းငယ်၊
နနွင်းအနည်းငယ်၊
ငရုတ်အစိမ်းမှုန့်အနည်းငယ်နှင့်
ခရမ်းချဉ်သီးကြီးကြီး၁လုံးတို့
လိုအပ်ပါတယ်ရှင်။
ချက်ပြုတ်နည်း
ကြက်သွန်နီဥကြီးတစ်လုံးကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၃မွှာကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ဂျင်းလက်တစ်စစ်လောက်ကို အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ခရမ်းချဉ်သီးကြီးကြီး၁လုံးကို ရေဆေးပြီး ပါးပါးလှီးထားပါ။
ဒယ်အိုးထဲ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ပြီးလျှင် ဒယ်အိုးထဲသို့ ထောင်းထားသော ဂျင်းကိုထည့်ပါ။
အနည်းငယ်နွမ်းလာလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး မွှေပေးပါ။
နွမ်း၍မွှေးလာလျှင် ငရုတ်အစိမ်းမှုန့်အနည်ငယ်ကိုထည့်
ပြီးလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးကို ထည့်ပြီးမွှေပေးပါ။
ခရမ်းချဉ်သီးများ နွမ်း၍လိတ်လာလျှင် ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်
ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး ဟင်းရည်ဆူအောင်တစ်တည်ပေးပါ။
ဟင်းရည်ဆူသောအခါ ဖယ်ထားသော ငါးဖယ်ငါးဆုပ်လုံး၁၂လုံးကို ထည့်ပြီး ဟင်းရည်ဆူအောင် ထပ်တည်ပေးပါ။
ဟင်းရည်ဆူပြီး ဆီပြန်သောအခါ အပေါ့အငန်မြည်းပြီး ဒယ်အိုးကိုချလို့ရပါပြီ။
ပဲစိမ်းဗူးကြော်မယ်။ ပဲစိမ်းဗူးကြော်မယ်ဆိုလို့ မထူးဆန်းနဲ့ဦးနော်! ရယ်ဒီမိတ် အစိမ်းရောင်ပဲဗူးကို ကြော်ထားတာ။
လိုအပ်သောပစ္စည်းများ
ဆီ၅ကျပ်သား၊
ရယ်ဒီမိတ် အစိမ်းရောင်ပဲဗူး၁ဗူး
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
နနွင်းအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ကြက်သွန်နီဥကြီးတစ်လုံးကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၃မွှာကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ဒယ်အိုးထဲ ဆီ၅ကျပ်သား ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ပြီးလျှင် ဒယ်အိုးထဲသို့ ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး မွှေပေးပါ။
ကြက်သွန်ဖြူနီများနွမ်းလာလျှင် ပဲဗူးကိုဖောက်ရေစစ်ပြီး ပဲများကိုလောင်းထည့်လိုက်ပါ။
မနူးလျှင်ရေအနည်းငယ် ထည့်ပေးပါ။ပဲနူးရင် ဒယ်အိုးကို မီးဖိုပေါ်မှချပါ။
အောက်ပါအတိုင်း မြန်မာစားတော်ပဲနှင့်အရသာဆင်သော ပဲစိမ်းဗူးကြော်လေးပါရှင်!
မရမ်းသီး ငါးပိထောင်း
မရမ်းသီး ငါးပိထောင်းအတွက် လိုအပ်သောပစ္စည်းများ
ကြက်သွန်ဖြူ၃မွှာ၊
ငရုတ်သီးစိမ်း၅တောင့်၊
ရယ်ဒီမိတ်ငါးပိထောင်းအနည်းငယ်၊
ပုဇွန်ခြောက်မှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်နဲ့
မရမ်းသီးအစိမ်း၎လုံးတို့
လိုအပ်ပါတယ်ရှင်။
မရမ်းသီးအစိမ်း၎လုံးကို ရေဆေးအစေ့ထုတ်ပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၃မွှာကိုလဲ အခွံနွှာရေဆေးပါ။
ငရုတ်သီးစိမ်း၅တောင့်ကို အညှာခြွေရေဆေးပါ။
ဆေးထားသော ကြက်သွန်ဖြူ ၃မွှာနဲ့ငရုတ်သီးစိမ်း၅တောင့်ကို ဒယ်အိုးထဲထည့်ပြီး လှော်ပါ။ နည်းနည်းကျက်လာရင် ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ရယ်ဒီမိတ်ငါးပိထော
အချိုမှုန့်အနည်းငယ်နဲ့ ပုဇွန်ခြောက်မှုန့်အနည်းငယ်ကို ထည့်ထောင်းပါ။ အနေတော်ရင် စားလို့ရပါပြီရှင်!
0 comments:
Post a Comment