ဂျူးဖူးကြော်အတွက် လိုအပ်သောပစ္စည်းများ
ဂျူးဖူး၁စီး၊(၃၅၀ ဂရမ်)
ကြက်သား ၁၀၀ဂရမ်၊
ဆီငါးမတ်သား၊
ဂျင်းလက်တစ်ဆစ်၊
ကြက်သွန်ဖြူ၃မွှာ၊
အချိုမှုန့်အနည်းငယ်၊
ဆား အနည်းငယ်၊
ကော်မှုန့်အနည်းငယ်နှင့်
ခရုဆီအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ဂျူးဖူးများကိုလှီးဖြတ်ပြီး တစ်ရေစိမ်ထားပါ။
ကြက်သား ၁၀၀ဂရမ်ကို ပါးပါးလှီးထားပါ။
ဂျင်းလက်တစ်ဆစ်ကိုလဲ သေးသေးနဲ့ ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ၃မွှာကို ထောင်းထားပါ။
ကော်မှုန့်အနည်းငယ်ကို ရေဖျော်ထားပါ။
ကြော်နည်း
ဒယ်အိုးထဲသို့ ဆီငါးမတ်သားလောက် ထည့်ပါ။
ဆီပူလာလျှင် ပါးပါးလှီးထားသော ဂျင်းများကိုထည့်ပါ။
ဂျင်းများနွမ်းလာလျှင် ထောင်းထားပြီးသားကြက်သွန်ဖြူကို
နွမ်းပြီးမွှေးလာလျှင် ပါးပါးလှီးထားကြက်သားများကို ထည့်ပြီး ဆီသက်ပါ။
ကြက်သားကျက်လျှင် လှီးဖြတ်ထားသော ဂျူးဖူးများကိုထည့်ပါ။
အချိုမှုန့်၊ဆား တို့ကိုထည့်ပါ။
အဖုံးမအုပ်ပါနှင့် အစိမ်းရောင်မပျက်စေရန် ဖြစ်ပါသည်။
အရွက်နွမ်းပြီးမွှေးလာလျှင် ခရုဆီအနည်းငယ်ကိုထည့်ပါ။
အပေါ့အငံမြည်းပြီး အိုးချခါနီးမှ ကော်ရည်အနည်းငယ်ကို လောင်းပါ။
အနံ့အရသာနှင့် ပြည့်စုံပြီး ထမင်းမြိန်စေမဲ့ ဂျူးဖူးကြော်လေးပါရှင်!
0 comments:
Post a Comment