Pages

Sunday, 27 October 2013

ဂေါ်ဖီဟင်းခါးနှင့် ကြက်အရေခွံသုပ်

နောက်တစ်မျိုးလက်စွမ်းပြမှာကတော့ ဂေါ်ဖီဟင်းခါးနှင့် ကြက်အရေခွံသုပ်ဘဲဖြစ်ပါတယ်ရှင်!

ဂေါ်ဖီဟင်းခါး အတွက်လိုအပ်သောပစ္စည်းများ

ဂေါ်ဖီသေးသေးတစ်စိတ်၊(၅ကျပ်သားလောက်ပေါ့နော်)
ရေနွေးဆူပြီးသား လီတာဝက်ခန့်၊
ကြက်သွန်ဖြူ၃မွှာ၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ပုဇွန်ခြောက်မှုန့်အနည်းငယ်၊
ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

ဂေါ်ဖီဟင်းခါး ချက်နည်း
ရေနွေးဆူပြီးသား လီတာဝက်ခန့်ထဲသို့ ကြက်သွန်ဖြူ၃မွှာအခွံနွှာရေဆေးထောင်းပြီးထည့်ပါ။ပုဇွန်ခြောက်မှုန့်အနည်းငယ်ကိုထည့်ပါ။ ထပ်ဆူလာလျှင် အပေါ့အငံအတွက် ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်နှင့် ငံပြာရည်အနည်းငယ်တို့ကို သင့်သလိုထည့်ပါ။
ဂေါ်ဖီကိုရေဆေးပြီး ခပ်သေးသေးစိတ်ပြီးထည့်ပါ။နောက်ဆုံးမှ ငရုတ်ကောင်းမှုန့်အနည်းငယ်ကို ခတ်ပါ၊ဂေါ်ဖီဟင်းခါး ကျက်ပါပြီရှင်။

ကြက်အရေခွံသုပ် အတွက်လိုအပ်သောပစ္စည်းများ

ကြက်အရေခွံ၁၅ကျပ်သားခန့်၊
ကြက်သွန်နီဥကြီးတစ်လုံး၊
ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်၊
ဂေါ်ဖီသေးသေးတစ်စိတ်၊
သံပုရာသီးတစ်လုံး၏တဝက်ခန့်၊
ခရမ်းချဉ်သီးခပ်သေးသေးတစ်လုံး၊
ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊
ငရုတ်သီးစိမ်း၃တောင့်၊
ဂျင်းအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ပဲကျက်မှုန့်အနည်းငယ်၊
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

ကြက်အရေခွံသုပ်နည်း

ကြက်အရေခွံကို ရေပြောင်အောင်ဆေးပြီး
နနွင်းအနည်းငယ်၊ ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်နှင့် ရေအနည်းငယ်တို့ကို သင့်သလိုထည့်ပြီး
ဂျင်းအနည်းငယ်နှင့် ပြုတ်ပါ။
ကျက်လျှင် အအေးခံပြီးပါးပါးလှီးထားပါ။
ကြက်သွန်နီဥကြီးတစ်လုံးကိုလည်း ပါးပါးလှီးထားပါ။
ဂေါ်ဖီသေးသေးတစ်စိတ်ကိုလည်း ပါးပါးလှီးထားပါ။
ငရုတ်သီးစိမ်း၅တောင့်ကိုလည်း ပါးပါးလှီးထားပါ။
ခရမ်းချဉ်သီးခပ်သေးသေးတစ်လုံးကိုလည်း ပါးပါးလှီးထားပါ။

   ဇလုံတစ်ခုထဲသို့ လှီးထားသော ကြက်အရေခွံ ၊ကြက်သွန်နီ၊ဂေါ်ဖီ၊ငရုတ်သီးစိမ်းနှင့်ခရမ်းချဉ်သီးတို့ကိုထည့်ပါ။ပြီးလျှင်ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ပဲကျက်မှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ် ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်တို့ကိုထည့်ပြီး သံပုရာသီးကို အရေညှစ်ပြီး သုပ်ပါ။ အပေါ့အငံကို လိုသလိုပြင်ဆင်စားသုံးနိုင်ပါတယ်ရှင်။

0 comments:

Post a Comment