ကြက်သား ကာလသားဟင်း
ကြက်သား ၁၅ကျပ်သား၊
ဘူးသီးခပ်သေးသေးတစ်စိတ်(သို့)ေ ဂ်ါရဂါးသီး ခပ်သေးသေးတစ်လုံး
ငရုတ်သီးစိမ်း ၁၁တောင့်ခန့်၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာ၊
ဂျင်းအနည်းငယ်၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ကြက်သား ၁၅ကျပ်သားကို အရွယ်တော်တုံးရေဆေးပြီး ဆား၊နနွင်း၊အချိုမှုန့်၊ငံပြာရည် အနည်းငယ်တို့ နှင့် အနေတော်နယ်ထားပါ။
ဘူးသီးခပ်သေးသေးတစ်စိတ်(သို့)ေ ဂ်ါရဂါးသီး ခပ်သေးသေးတစ်လုံးကို အခွင်နွှာပြီး ခပ်ကြီးလေးတုံးထားပါ။
ဂျင်းအနည်းငယ်ကိုထောင်းထားပြီး သပ်သပ်ထားပါ၊
ကြက်သွန်ဖြူ ၃မွှာကိုလဲထောင်းထားပြီးသပ်သပ်ထားပါ၊
ငရုတ်သီးစိမ်း ၁၁တောင့်ခန့်ကို မညက်တညက်လေး ထောင်းထားပြီးသပ်သပ်ထားပါ၊
ကြက်သွန်နီတစ်လုံးကိုပါးပါးလှီး ထားပါ။
ကြက်သွန်ဖြူ ၃မွှာကိုလဲထောင်းထားပြီးသပ်သပ်ထာ
ငရုတ်သီးစိမ်း ၁၁တောင့်ခန့်ကို မညက်တညက်လေး ထောင်းထားပြီးသပ်သပ်ထားပါ၊
ကြက်သွန်နီတစ်လုံးကိုပါးပါးလှီး
ဒယ်အိုးထဲသို့ ဆီ၂ကျပ်ခွဲသားလောက် ထည့်ပါ။ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပါ။
ပြီးလျှင် ထောင်းထားပြီးသားဂျင်းအနည်းငယ် ကို တစ်ထည့်ပါ အနည်းငယ်ကျွပ်လာမှ ထောင်းထားပြီးသား ကြက်သွန်ဖြူကိုထည့်ပါ။
အဲဒီ၂ခုနွမ်းပြီးမွှေးလာမှ လှီးပြီးသားကြက်သွန်နီကိုထည့်ြ ပီး ဆီသတ်ပါ။
ပြီးလျှင် ထောင်းထားပြီးသားဂျင်းအနည်းငယ်
အဲဒီ၂ခုနွမ်းပြီးမွှေးလာမှ လှီးပြီးသားကြက်သွန်နီကိုထည့်ြ
နွမ်းလာလျှင်ငရုတ်သီးစိမ်းကို ထည့်ပြီးဆီသတ်ပါ။
ဒိနောက် ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ကို ထည့်ပြီး
နယ်ထားသော ကြက်သားများကို ထည့်ပြီးဆီသက်ပါ။
ဆီသက်တာကြာပြီး အသားများကျက်လာသောအခါ
ဆီသက်တာကြာပြီး အသားများကျက်လာသောအခါ
တုံးထားသော ဘူးသီး(သို့)ဂေါ်ရဂါးသီးကို ထည့်ပြီးမွှေပေးပါ။
ပြီးလျှင် ရေကိုမြုပ်ရုံထည့်ပြီး နူးအောင်တည်ပေးပါ။
၂ရေလောက်ဆိုရင် ကျက်ပါပြီ။
ပြီးလျှင်အပေါ့အငံမြည်းပြီး လိုအပ်သလို ပြင်ဆင်စားသောက်နိုင်ပါပြီ။ တန်ဆောင်မုန်းရဲ့ကာလသားချက်ကတော့  ဆေးခြောက်ပါပါတယ်လို့ ပြောကြပါတယ်။
(မီးဘာမှသိဝူးနော်)
ကာလသမီးချက်ဆိုရင်တော့ စပါးလင်၂ချောင်းလောက်ကို ရေဆေးပြီး
ထုပြီးထုံးပြီး အရေဆူချိန်မှာထည့်လိုက်ပါ။အဲဒါ ဘဲ ကွာခြားပါတယ်ရှင်။
အရပ်ဒေသအလိုက် ချက်နည်းကွာခြားနိုင်ပါတယ်ရှင်။
0 comments:
Post a Comment