Pages

Sunday, 27 October 2013

ကိုက်လံကြော်နည်း

ခုတော့ဆိုဖီတစ်ယောက် အလုပ်အားပြီး ပျင်းပျင်းရှိတာနဲ့ ဟင်းတွေဘဲတစ်မျိုးပြီးတစ်မျိုး ချက်ဖို့စိတ်ကူးတော့မယ်။
ခုကတော့ ညနေကျရင် ကြော်စားမဲ့ ကိုက်လံကြော်နည်းပေါ့နော်။
ကိုက်လံကို မြန်မာလိုမုန့်ညှင်းစိမ်းအပွင့်ဝါနဲ့လို့ ခေါ်မယ်ထင်ပါတယ်။
နံမည်အတိအကျတော့ ဆိုဖီမသိပါဘူး။
ကိုက်လံကြော်နည်း
ကိုက်လံကြော်အတွက် လိုအပ်သောပစ္စည်းများ
ကိုက်လံ၂စီး၊
ဆီငါးမတ်သား၊
ကြက်သွန်နီဥသေးတစ်ခြမ်း၊
ကြက်သွန်ဖြူ၃မွှာ၊
အချိုမှုန့်အနည်းငယ်၊
ပုဇွန်ခြောက်မှုန့် အနည်းငယ်၊
ဆား အနည်းငယ်၊
ကော်မှုန့်အနည်းငယ်နှင့်
ခရုဆီအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ကိုက်လံကိုလှီးဖြတ်ပြီး တစ်ရေစိမ်ထားပါ။
အရွက်ထဲမှ သဲများပြောင်သွားစေရန် ဖြစ်ပါသည်။
ကြက်သွန်နီဥသေးတစ်ခြမ်းကို အစိတ်စိတ်အမွှာမွှာ သေးသေးလေးတွေဖြစ်အောင် လှီးထားပါ။
ကြက်သွန်ဖြူ၃မွှာကို ထောင်းထားပါ။
ကော်မှုန့်အနည်းငယ်ကို ရေဖျော်ထားပါ။

ကြော်နည်း
ဒယ်အိုးထဲသို့ ဆီငါးမတ်သားလောက် ထည့်ပါ။
ဆီပူလာလျှင် ထောင်းထားပြီးသားကြက်သွန်ဖြူကိုထည့်ပါ။
နွမ်းပြီးမွှေးလာလျှင်လှီးပြီးသားကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပါ။
ပြီးလျှင် လှီးဖြတ်ထားသောကိုက်လံများကိုထည့်ပါ။
အချိုမှုန့်၊ဆားနဲ့ပုဇွန်ခြောက်မှုန့်တို့ကိုထည့်ပါ။
အဖုံးမအုပ်ပါနှင့် အစိမ်းရောင်မပျက်စေရန် ဖြစ်ပါသည်။
အရွက်နွမ်းပြီးမွှေးလာလျှင် ခရုဆီအနည်းငယ်ကိုထည့်ပါ။
အပေါ့အငံမြည်းပြီး အိုးချခါနီးမှ ကော်ရည်အနည်းငယ်ကို လောင်းပါ။
ကိုက်လံကြော်ပူပူလေးကို ထမင်းဖြူနဲ့စားရတာကိုက အရသာတစ်မျိုးဘဲလေ။

0 comments:

Post a Comment