Pages

Sunday, 27 October 2013

ဝက်ခြေထောက်စွပ်ပြုတ်

ဆိုင်ဘာမှလူပိုဂျီး ဥဥKTLနည်းကို အသုံးပြုပြီးချက်ထားပါကြောင်း!
သူက ၀က်လက်ပေါင်းတဲ့။ ဒေါ်ဆိုဖီကတော့ ခြေထောက်လား?လက်လားတော့ မသိဘူး။
တစ်ခြမ်းဘဲဝယ်လိုက်တယ်။ ဒါတောင် တစ်ကီလိုကျော်တယ်ဗျ!
လွယ်လွယ်ဘဲခေါ် ဝက်ခြေထောက်စွပ်ပြုတ် ပေါ့ဗျာ။

ပါဝင်သောပစ္စည်းများ

ဝက်ခြေထောက်တစ်ခြမ်း(တစ်ကီလိုကျော်ကျော်)
ဆီအနည်းငယ်
ကြက်သွန်ဖြူ ၅မွှာ
နာနတ်ပွင့် တစ်ပွင့်
သကြားအနည်းငယ်
တရုတ်ပဲငံပြာရည် အကြည် အနည်းငယ်
တရုတ်ပဲငံပြာရည် အနောက် အနည်းငယ်
ဆားအနည်းငယ်
ဂျင်းအနည်းငယ်
အချိုမှုန့်အနည်းငယ်နဲ့
ကြက်သွန်မိတ်တို့ လိုအပ်ပါတယ်ရှင်!


ချက်ပြုတ်နည်း
ပထမဦးစွာ ၀က်ခြေထောက်ခုတ်ထစ်ပြီးသားကို ရေဖြင့်သန့်စင်စွာသေချာဆေးပါ၊ ကြက်သွန်ဖြူ၅မွှာကို အခွံခွာပြီး ဒါးပြားရိုက်ထားပါ။သန့်စင်ထားေ
သာ ၀က်ခြေထောက်များကို ဒယ်အိုးထဲထည့်ပြီး ၁၅ မိနစ်ခန့် ပြုတ်လိုက်ပါ၊ ၁၅ မိနစ်ကြာသော် ပြုတ်ထားသော အရည်များအားလုံးကို သွန်ပစ်လိုက်ပါ၊ ပထမပြုတ်ရည်ထဲတွင် အညှီများပါဝင်သွားသောကြောင့် ချက်ပြီးသောအခါ ၀က်သားအညှီနံ့ မနံတော့ပါဘူး။သူ့နည်းအတိုင်းနော်!

ပြုတ်ပြီးသော အသားများကို ပန်းကန်ပြားတချက်ထဲ ထည့်ထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ဆီဆူသောအခါ သကြားထည့်ကာ အရောင်ယူပါ၊ တရုတ်ပဲငံပြာရည် အနောက် နည်းနည်းထည့်ပါက အနံ့ကို ပိုမွှေးစေပါသည်။ ၀က်သားအရောင်ရသောအခါ ဒါးပြားရိုက်ထားသော ကြက်သွန်ဖြူများနှင့် ဂျင်းကိုပါးပါးလှီးထည့်၍ လုံးပါ (မတူးစေပါနှင့်) ကြက်သွန်ဖြူ၊ဂျင်း အနည်းငယ်ညှိုးသောအခါ တရုတ်ပဲငံပြာရည် အကြည်၊ နာနတ်ပွင့်တို့ကို ထည့်ပြီး ရေမြုတ်အောင်ထည့်ကာ အဖုံးပိတ်ထားပါ၊ ဝက်ခြေထောက်ပြုတ်ထားတဲ့အခါ ထွက်လာသော ဆီများကို ခပ်ထုတ်ပစ်ပါ၊ အပေါ့အငံအတွက် ဆားအနည်းငယ် ထည့်ပါ။

နှစ်နာရီလောက် ပြုတ်ပြီးသော် အင်မတန်မှ နူးအိပြီး အရသာနှင့်ပြည့်စုံသောဝက်ခြေထောက်စွပ်ပြုတ်ကို ရပါပြီရှင်! စားခါနီးရင်ကြက်သွန်မိတ်ကို ညှပ်ထည့်လိုက်သောအခါ အောက်ပါအတိုင်းမြင်ရပါမယ်။ အီမှာစိုးလို့နော်! ဒါနဲ့တွဲပြီးစား။


0 comments:

Post a Comment