Pages

Monday, 28 October 2013

ကြက်တောင်ပံကြော်၊ ပဲဟင်းချိုနဲ့ ငရုတ်သီးဆားထောင်း

ဒီနေ့သံစဉ်ချက်ထားတဲ့ ဟင်းတွေကတော့ ကြက်တောင်ပံကြော်၊ ပဲဟင်းချိုနဲ့ ငရုတ်သီးဆားထောင်းဘဲ ဖြစ်ပါတယ်ရှင်။
သံစဉ်ချက်ထားတဲ့ ဟင်းတွေက တစ်ယောက်တည်းသမားတွေအတွက် ၂နှပ်စာဖြစ်သလို
နှစ်ယောက်တွဲစုံတွဲတွေအတွက် တစ်နှပ်စာသာဖြစ်ပါတယ်ရှင်။ 
[u]ကြက်တောင်ပံကြော်ရန်[/u]
ကြက်တောင်ပံ၂ချောင်း (ခပ်ကြီးကြီးရွေးဝယ်ပေါ့နော်။ဒီမှာ၂ခုကို ၁၅ကျပ်သားနီးပါးရှိပါတယ်)။
ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်၊ဂျင်းအနည်းငယ်၊ကြက်သွန်ဖြူအနည်းငယ်တို့လိုအပ်ပါတယ်ရှင်။
ပထမဦးစွာ ကြက်တောင်ပံ၂ချောင်းကို ခုတ်ထစ်ပြီး သေသေချာချာ ရေနှင့်ဆေးပါ။
ပြီးလျှင် ဂျင်းနှင့်ကြက်သွန်ဖြူ ထောင်းပြီးအရေညှစ်ပြီး ထိုအရေကို ကြက်တောင်ပံ၊ဆား၊အချိုမှုန့်၊နနွင်း တို့နှင့်သမအောင်နယ်ပါ။
ဒယ်အိုးထဲသို့ ဆီထည့်ပါ။ ဆီပူလာလျှင် အိုးထဲသို့ နယ်ပြီးသား  ကြက်တောင်ပံများကို ရေစစ်ပြီးထည့်ပါ။
အနည်းငယ်ကြာလျှင် အထပ်အောက်လှန်ပေးပါ။
အဝါရောင်သန်းလာပြီး ကျွပ်လာလျှင် ချလို့ရပါပြီ။
[u]ပဲဟင်းချိုချက်ရန်[/u]
ပဲနီလေးတစ်ဆယ်သား၊ ကြက်သွန်နီသေးတစ်လုံး၊ကြက်သွန်ဖြူ ၃မွှာ၊၊ဂျင်းအနည်းငယ်၊ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊  နနွင်းအနည်းငယ် ဂျုံကြာဇံအနည်းငယ်  လိုအပ်ပါတယ်ရှင်။
ဂျင်းအနည်းငယ်ကိုထောင်းထားပြီးသပ်သပ်ထားပါ၊
ကြက်သွန်ဖြူ ၃မွှာကိုလထောင်းထားပြီးသပ်သပ်ထားပါ၊
ကြက်သွန်နီသေးတစ်လုံးကိုပါးပါးလှီးထားပါ။ 
ဒယ်အိုးထဲသို့ ဆီ၂ကျပ်ခွဲသားလောက် ထည့်ပါ။ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပါ။
ပြီးလျှင် ထောင်းထားပြီးသားဂျင်းအနည်းငယ်ကို တစ်ထည့်ပါ အနည်းငယ်ကျွပ်လာမှ  ထောင်းထားပြီးသား ကြက်သွန်ဖြူကိုထည့်ပါ။
အဲဒီ၂ခုနွမ်းပြီးမွှေးလာမှ လှီးပြီးသားကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပါ။
နွမ်းလာလျှင်ပဲနီလေးများကို ထည့်ပြီးဆီသတ်ပါ။ အနီရောင်မှ အဝါရောင်ပြောင်းလာလျှင် ရေမြုပ်ရုံလေ ထည့်ပါ။
ပဲနူးလာလျှင် ဆားနှင့်အချိုမှုန့်သင်ထည့်ထယ်ပြီး ဂျုံကြာဇံအနည်းငယ်ကိုခပ်ပါ။
အနေတော်ရင်ချလို့ရပါပြီ။
[u]ငရုတ်သီးဆားထောင်းလုပ်ရန် [/u]
ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊ကြက်သွန်ဖြူ ၃မွှာ၊ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ဆီအနည်းငယ် လိုအပ်ပါတယ်ရှင်။
ကြက်သွန်ဖြူ ၃မွှာကိုလထောင်းထားပါ၊ငရုတ်သီးအကျက်မှုန့်အနည်းငယ်ကိုထည့်ပါ၊
ဆား၊အချိုမှုန့်အနည်းငယ်ကိုပါထည့်ထောင်းပါ။
ပြီးလျှင် ပန်းကန်လုံးထဲထည့်ပြီး ဆီစွတ်ရုံလေးသာထည့်ပြီး မွှေပါ။
အားလုံးပြီးပါပြီရှင်။ ချက်တာတွေပြီးလို့ ထမင်းစားပါတော့မယ်ရှင်။
အားလုံးစားလို့ကောင်းကြပါစေနော်!

0 comments:

Post a Comment