Pages

Sunday, 27 October 2013

ကင်ပွန်းရွက်ကြော်

မချက်တာကြာလို့ ချက်လိုက်ပါဦးမယ်။ကဲကဲ! ကင်ပွန်းရွက်၊မျှစ်နဲ့ ပုဇွန်ဆိတ်ကို ရောပြီး ကြော်မယ်နော်!
ကင်ပွန်းရွက်ကြော် အတွက် လိုအပ်သောပစ္စည်းများ
ဆီ၅ကျပ်သား၊
ကင်ပွန်းရွက်၁စီး
မျှစ်နု စိတ်ပြီးသား ၅ကျပ်သားခန့်၊
ပုဇွန်ဆိတ်၁၅ကျပ်သား၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ငရုတ်သီးစိမ်း၁၀တောင့်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ငံပြာရည် အနည်းငယ်၊
နနွင်းအနည်းငယ်နှင့်
ငရုတ်အစိမ်းမှုန့်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ချက်ပြုတ်နည်း
ကြက်သွန်နီဥကြီးတစ်လုံးကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၃မွှာကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ငရုတ်သီးစိမ်း၁၀တောင့်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။
ပုဇွန်ဆိတ်၁၅ကျပ်သားကို ဆိတ်၍်ရေဆေးပြီး ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်နဲ့ နယ်ထားပါ။
ကင်ပွန်းရွက်၁စီးကို အရွက်ချွေပြီးရေဆေးထားပါ။
ဒယ်အိုးထဲ ဆီ၅ကျပ်သားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ပြီးလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး မွှေပေးပါ။
ပြီးလျှင် ပါးပါးလှီးထားသော ငရုတ်သီးစိမ်းများကိုထည့်ပါ။
ငရုတ်သီးစိမ်းများ နွမ်း၍မွှေးလာလျှင် ငရုတ်အစိမ်းမှုန့်အနည်ငယ်ကိုထည့်ပြီး မွှေပေးပါ။
ပြီးလျှင် နယ်ထားသော ပုဇွန်ဆိတ်များကို ထည့်ပါ။
ခြောက်၍အနံ့ မွှေးလာလျှင် ချွေထားသော ကင်ပွန်းရွက်များနှင့် စိတ်ပြီးသားမျှစ်နုကို ထည့်ပါ။
နွမ်းလာလျှင် ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်
၊ ရေနှင့် ငံပြာရည် အနည်းငယ်တို့ကို ထည့်ပြီးမွှေပေးပါ။
ခြောက်ခြောက်ကလေးဖြစ်လာလျှင် ချလိုရပါပြီရှင်။
အားလုံးခံတွင်းမြိန်ကြပါစေနော်!

အားလွန်းလို့ရေးလိုက်တာပါ။ ကင်မရာကျန်ခဲ့လို့ နောက်နေ့မှ ပုံတင်ပါမည်။

0 comments:

Post a Comment