ဒီနေ့ချက်မဲ့ဟင်းကတော့ ဧရာဝတီတိုင်းမှာ အရမ်းကိုကျော်ကြားတဲ့ဟင်းပါ။
သာမန်ဟင်းတွေချက်ရင် တစ်ပန်းကန်စားတဲ့သူဟာ၊
အဲဒီဟင်းချက်ရင် ၂ပန်းကန်၊၃ပန်းကန် ဘယ်လိုကုန်သွားမှန်း မသိပါဘူး။
အဲဒီလောက်ကို စားလို့မြိန်စေပါတယ်။
အသား၊ငါးဟင်းတော့ မဟုတ်ပါဘူး။ ငရုတ်သီးစိမ်း ငါးပိချက်ပါ။
ငရုတ်သီးစိမ်း ငါးပိချက်ချက်ရန် ပါဝင်သောပစ္စည်းများ
ဆီ၅ကျပ်သား
ပုစွန်စိတ်(သို့)အကျော့ အစိတ်သား၊
ငရုတ်သီးစိမ်း(မိုးမျှော်သီး) ၅ကျပ်သား၊
ရေချိုငါးပိ(၃ဦးစပ်ငါးပိ)၁၀သား ၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၅မွှာ,
ဂျင်းအနည်းငယ်၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်တို့
လိုအပ်ပါတယ်။
ပုစွန်စိတ်(သို့)အကျော့ အစိတ်သား၊
ငရုတ်သီးစိမ်း(မိုးမျှော်သီး)
ရေချိုငါးပိ(၃ဦးစပ်ငါးပိ)၁၀သား
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၅မွှာ,
ဂျင်းအနည်းငယ်၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်တို့
လိုအပ်ပါတယ်။
ပုစွန်စိတ်(သို့)အကျော့ အစိတ်သားကိုရေဆေးပြီး ချွေထားပါ
(အမြှီး၊ခေါင်းနဲ့အခွံကိုချွတ် ခိုင်းတာနော်)
ပြီးလျှင်ဆား၊နနွင်း၊အချိုမှုန့် အနည်းငယ်တို့ နှင့် အနေတော်နယ်ထားပါ။
ဂျင်းအနည်းငယ်ကိုထောင်းထားပြီး သပ်သပ်ထားပါ၊
ကြက်သွန်ဖြူ၅မွှာကိုလဲ ထောင်းထားပြီးသပ်သပ်ထားပါ၊
ကြက်သွန်နီတစ်လုံးကိုပါးပါးလှီး ထားပါ။
(အမြှီး၊ခေါင်းနဲ့အခွံကိုချွတ်
ပြီးလျှင်ဆား၊နနွင်း၊အချိုမှုန်
ဂျင်းအနည်းငယ်ကိုထောင်းထားပြီး
ကြက်သွန်ဖြူ၅မွှာကိုလဲ ထောင်းထားပြီးသပ်သပ်ထားပါ၊
ကြက်သွန်နီတစ်လုံးကိုပါးပါးလှီး
ရေချိုငါးပိ(၃ဦးစပ်ငါးပိ)၁၀သား ကို အိုးထဲထည့်ပါ။
ရေ၇၅၀မိလီလီတာလောက်ထည့်ပါ။
နနွင်းအနည်းငယ်ထည့်ပါ။
ဆားအနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်ပြီး ကျိုပါ။
ဆူလာလျှင်ဇွန်းနှင့် မွှေပေးပါ အရိုးသပ်သပ် ဖြစ်သွားစေဖို့ပါ။
ငါးပိရည်ဆူပြီး၃မစ်နစ်လောက်အထိ နာနာဆူအောင်တည်ပါ။
ပြီးလျှင် အရိုးသပ်သပ်၊အရေသပ်သပ် ဖြစ်အောင်စစ်ပါ။
အရိုးတွေကို သေသေချာချာထုပ်ပြီး လွှင့်ပစ်လိုက်ပါ။
ငါးပိရည်ကို ပန်းကန်လုံးထဲသို့ ထည့်ပြီးအုပ်ထားပါ။
(ယင်ကောင်အနံ့ရပြီး ဥမဥစေရန် ဖြစ်ပါသည်)
ငရုတ်သီးစိမ်း(မိုးမျှော်သီး) ၅ကျပ်သားကို ရေဆေးပြီးပါးပါးလှီးထားပါ။
(ဆိုဖီကတော့ လက်ပူမှာစိုးလို့ ကပ်ကြေးနဲ့ညှပ်တယ်)
ငရုတ်သီးစိမ်းငါးပိချက် ချက်နည်း
ဒယ်အိုးထဲသို့ ဆီ၅ကျပ်သားလောက် ထည့်ပါ။ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပါ။
ပြီးလျှင် ထောင်းထားပြီးသားဂျင်းအနည်းငယ် ကို တစ်ထည့်ပါ
အနည်းငယ်ကျွပ်လာမှ ထောင်းထားပြီးသား ကြက်သွန်ဖြူကိုထည့်ပါ။
အဲဒီ၂ခုနွမ်းပြီးမွှေးလာမှ လှီးပြီးသားကြက်သွန်နီကိုထည့်ြ ပီး ဆီသတ်ပါ။
နွမ်းလာလျှင် ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ကို ထည့်ပြီး
ပါးပါးလှီးထားငရုတ်သီးစိမ်းများ ထည့်ပါ။
(ဗိုက်မနာစေရန် ဆီသက်တာပါ)
နယ်ထားသော ပုစွန်များကို ထည့်ပြီးဆီသက်ပါ။
ဆီသံတဖျစ်ဖျစ်မြည်တဲ့အထိ ဆီသက်ပေးပါ။
ပြီးရင် ငါးပိရည်ကို လောင်းထည့်ပါ။
အရည်ဆူအောင်တည်ပါ။
ရေခန်းပြီးဆူလာရင် အပေါ့အငံမြည်း ရေ(သို့)လိုတာထပ်ထည့်ပါ။
ကျက်ရင်အိုးကိုချလို့ရပါပြီရှင် !
ပြီးလျှင် ထောင်းထားပြီးသားဂျင်းအနည်းငယ်
အနည်းငယ်ကျွပ်လာမှ ထောင်းထားပြီးသား ကြက်သွန်ဖြူကိုထည့်ပါ။
အဲဒီ၂ခုနွမ်းပြီးမွှေးလာမှ လှီးပြီးသားကြက်သွန်နီကိုထည့်ြ
နွမ်းလာလျှင် ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ကို
ပါးပါးလှီးထားငရုတ်သီးစိမ်းများ
(ဗိုက်မနာစေရန် ဆီသက်တာပါ)
နယ်ထားသော ပုစွန်များကို ထည့်ပြီးဆီသက်ပါ။
ဆီသံတဖျစ်ဖျစ်မြည်တဲ့အထိ ဆီသက်ပေးပါ။
ပြီးရင် ငါးပိရည်ကို လောင်းထည့်ပါ။
အရည်ဆူအောင်တည်ပါ။
ရေခန်းပြီးဆူလာရင် အပေါ့အငံမြည်း ရေ(သို့)လိုတာထပ်ထည့်ပါ။
ကျက်ရင်အိုးကိုချလို့ရပါပြီရှင်
အဲဒီငါးပိချက်နဲ့တွဲပြီးစားဖို့ က ဘူးသီးပြုတ်၊မျှစ်ပြုတ်၊သခွါးသီး၊ရုံးပတီသီးရေနွေးဖျော၊ဒညင်းသီးပြုတ်၊ဒီညင်းဝက်ကြော်၊ချဉ်ဖတ် စုံနဲ့ တို့လို့ကဟင်းမလိုဘူးဗျား!
(ဘာမှမဟုတ်ဘူးကိုယ်စားချင်နေတာေ တွချည်း ရွေးပြီးရွတ်ပြတာ။)
ဟီး!
မှတ်ချက်:
တချို့အရပ်ဒေသများတွင် ငါးခူကိုပါးပါးလှီးပြီးချက်သလို ၊
တချို့အရပ်ဒေသများတွင် ငါးရံ့ကိုစင်းကောပြီးချက်တတ် ကြပါသည်။
၃ဦးစပ်ငါးပိဆိုသည်မှာ ငါးရံ့၊ငါးဖယ်နှင့်ငါးပြေမ ငါး၃မျိုးပေါင်းစပ်လုပ်ထားသော ငါးပိကိုခေါ်ခြင်းဖြစ်ပါသည်။
0 comments:
Post a Comment