Pages

Sunday, 27 October 2013

ပြောင်းဖူးကြော်

ပြောင်းဖူးကြော်

လိုအပ်သောပစ္စည်းများ
ရယ်ဒီမိတ် ပြောင်းဖူးတစ်ဗူး၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်နှင့်
ဆီ၂ကျပ်ခွဲသားတို့
လိုအပ်ပါတယ်ရှင်။


ကြက်သွန်နီဥကြီးတစ်လုံးကို အခွံနွှာ ရေဆေးပြီး ပါးပါးလှီးထားပါ။ကြက်သွန်ဖြူ၃မွှာကို အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။ဒယ်အိုးထဲသို့ ဆီ၂ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။ပြီးလျှင် ပါးပါးလှီးထားကြက်သွန်နီများကိုထည့်ပေးပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ရယ်ဒီမိတ် ပြောင်းဖူးဗူးကိုဖောက်ပြီး ရေစစ်ပြီးထည့်ပါ။ပြီးရင်ဆားနဲ့အချိုမှုန့်ကိုထည့် မြည်းကြည့်။ပြောင်းဖူးကြော်လို့ ပြီးပါပြီရှင်!


0 comments:

Post a Comment