Pages

Sunday, 27 October 2013

ကန်စွန်းရွက်အချိုကြော်

ငါးပုတ်သင် အချဉ်ဆီပြန်ဟင်းနဲ့ တွဲပြီးစားတဲ့ ကန်စွန်းရွက်အချိုကြော်လေး ကြော်လိုက်ပါဦးမယ်နော်!
[u][u]ပါဝင်သောပစ္စည်းများ[/u][/u]
ကန်စွန်းရွက်၁စီး၊
ပုဇွန်ခြောက်အနေတော်၁၀ကောင်ခန့်

ဆီ၂ကျပ်ခွဲသား၊
ကြက်သွန်နီ၁ခြမ်း၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်နှင့်
နနွင်းအနည်းငယ်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
[u]ပြင်ဆင်ပုံ[/u]
ကြက်သွန်နီ၁ခြမ်းကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ၃မွှာကိုလဲ အခွံနွှာရေဆေးပြီး ထောင်းထားပါ။
ပုဇွန်ခြောက်အနေတော်၁၀ကောင်ခန့်ကို ရေစိမ်ထားပါ။
ကန်စွန်းရွက်၁စီး ခြွေပြီးရေဆေးထားပါ။
ရေစိမ်ထားသော ပုဇွန်ခြောက်ကို မညက်တညက်ထောင်းပါ။
[u]ချက်ပြုတ်နည်း[/u]
ဒယ်အိုးထဲ ဆီ၂ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် နနွင်းအနည်းငယ်နဲ့ ထည့်ပါ။
ပြီးလျှင် ထောင်းထားသော ကြက်သွန်ဖြူကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး မွှေပေးပါ။
ပြီးလျှင်  မညက်တညက်ရောထောင်းထားသော ပုဇွန်ခြောက်များကိုထည့်ပါ။
ပြီးလျှင် ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်တို့ကို ထည့်ပြီးမွှေပေးပါ။
နောက်ဆုံးမှ ခြွေပြီးရေစစ်ထားတဲ့ ကန်စွန်းရွက်များကို ထည့်ပြီးကြော်ပါ။
အစိမ်းရောင်မပြယ်ခင်အိုးကို မီးပိတ်ပါ။
ဗီတာမင်အပြည့်ပါသော အစိမ်းရောင်မပြယ်တဲ့ ကန်စွန်းရွက် အချိုကြော်ပါရှင်!

0 comments:

Post a Comment