Pages

Sunday, 27 October 2013

ဝက်သားဆီပြန်ဟင်းနဲ့ ဘုံလုံသီးအချိုချက်ဟင်း

မချက်တာကြာလို့ ဟင်းဝင်ချက်လိုက်ဦးမယ်နော်! ဒီနေ့ဂျီးဒေါ်ကြီးဒေါ်ဆိုဖီ  (မောင်ဒူးနဲ့တီအေးရဲ့အခေါ်နော်) ချက်မဲ့ဟင်းတွေကတော့
ဝက်သားဆီပြန်ဟင်းနဲ့ ဘုံလုံသီးအချိုချက်ဟင်းတို့ဘဲ ဖြစ်ပါတယ်ရှင်။
ဝက်သားဆီပြန်ဟင်း
ဝက်သား၃ထပ်သား ကီလိုဝက်၊
ဆီ၅ကျပ်သား၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူကြီးကြီး၅မွှာ၊
ဂျင်းအနည်းငယ်၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်။

ပြင်ဆင်ပုံ
ဝက်သား၃ထပ်သားကို အနေတော်လှီး ရေဆေးပြီး ဆား၊နနွင်း၊အချိုမှုန့်၊ငံပြာရည်အနည်းငယ်တို့ နှင့် အနေတော်နယ်ထားပါ။
ဂျင်းအနည်းငယ်ကို အခွံနွှာ ရေဆေးပြီးထောင်းထားပါ။
ကြက်သွန်ဖြူ၅မွှာကိုလဲ အခွံနွှာ ရေဆေးထောင်းပြီး သပ်သပ်ထားပါ၊
ကြက်သွန်နီတစ်လုံးကိုလဲ အခွံနွှာ ရေဆေးပြီးပါးပါးလှီးထားပါ။
ချက်ပြုတ်နည်း
ဒယ်အိုးထဲသို့ ဆီ၅ကျပ်သားကို ထည့်ပါ။ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပါ။
ပြီးလျှင် ထောင်းထားပြီးသား ဂျင်းအနည်းငယ်ကို တစ်ထည့်ပါ
အနည်းငယ်ကျွပ်လာမှ ထောင်းထားပြီးသား ကြက်သွန်ဖြူကိုထည့်ပါ။
အဲဒီ၂ခုနွမ်းပြီးမွှေးလာမှ လှီးပြီးသားကြက်သွန်နီကိုထည့်ြ
ပီး ဆီသတ်ပါ။
နွမ်းလာလျှင် ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ကိုထည့်ပြီး
နယ်ထားသော သုံးထပ်သားများကို ထည့်ပြီးဆီသက်ပါ။
ဆီသက်တာခြောက်ပြီး အဆီပြန်လာရင် ဝက်သားရေမြုတ်ရုံထည့်ပြီး အုပ်ထားပေးပါ။
ဟင်းရည်ဆူလာရင် အပေါ့အငံမြည်း လိုတာထပ်ထည့်ပါ။
(အရမ်းကြီးနူးအိနေတာ မကြိုက်သူများ ၁ရေခန်းတာနဲ့ရပါပြီ၊နူးအိနေတာ ကြိုက်သူများ ၂ရေခန်းမှ အတော်ပါဘဲ)
အနေတော်ရင် စားလို့ရပြီမို့ ဟင်းအိုးကို ချနိုင်ပါပြီရှင်!

ဘုံလုံသီးဟင်းတွင်ပါဝင်သော ပစ္စည်းများ
ဘုံလုံသီးအရွယ်တော် ၃ချောင်း၊
ဆီ၅ကျပ်သား၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူကြီးကြီး၅မွှာ၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ပုဇွန်ခြောက်မှုန့်အနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်။
ပြင်ဆင်ပုံ
ကြက်သွန်ဖြူ၅မွှာကို အခွံနွှာ ရေဆေးထောင်းပြီး သပ်သပ်ထားပါ၊
ကြက်သွန်နီတစ်လုံးကိုလဲ အခွံနွှာ ရေဆေးပြီးပါးပါးလှီးထားပါ။
ဘုံလုံသီးကနုနေတော့  အပေါ်ယံအခွံကို ဓားနဲ့ခြစ်ပြီး အစေ့မထုတ်တော့ဘဲ ပါးပါးလှီးပါ။

ဘုံလုံသီးဟင်းချက်ပြုတ်နည်း
ဒယ်အိုးထဲသို့ ဆီ၅ကျပ်သားကို ထည့်ပါ။ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပါ။
ပြီးလျှင် ထောင်းပြီးသား ကြက်သွန်ဖြူကိုထည့်ပါ။
ုနွမ်းပြီးမွှေးလာမှ လှီးပြီးသားကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပါ။
ကြက်သွန်ဖြူ/နီ နွမ်းလာလျှင် ပုဇွန်ခြောက်မှုန့်အနည်းငယ်ကို ထည့်ပါ၊ပါးပါးလှီးထားသော ဘုံလုံသီးများကို ထည့်ပြီးဆီသက်ပါ။
ဆား၊အချိုမှုန့်နဲ့ငံပြာရည်တို့ကို သင့်သလိုထည့်ပါ။
ဆီသက်ထားသော ဘုံလုံသီးများနူးလာလျှင် ရေထည့်ပြီး ခဏအုပ်ထားပေးပါ။
ဟင်းရည်ဆူလာလျှင် အပေါ့အငံ လိုသလို ဖြည့်စွက်ပြီး ဟင်းအိုးကို ချနိုင်ပါပြီရှင်!
မန်ဘာမောင်နှမများအားလုံး ခံတွင်းမြိန်ကြပါစေရှင်!

0 comments:

Post a Comment