Pages

Sunday, 27 October 2013

ငါးပြေမအချဉ်ဆီပြန်ဟင်း

ငါးပြေမအချဉ်ဆီပြန်ဟင်း
ပါဝင်သော ပစ္စည်းများ
ငါးပြေမ ကီလိုဝက်(အကောင်အကြီး၃ကောင်)
ဆီ၅ကျပ်သား၊
ကြက်သွန်နီဥကြီး၂လုံး၊
ကြက်သွန်ဖြူကြီးကြီးတစ်လုံးရဲ့တဝက်၊
ဂျင်းအနည်းငယ်၊
စပါးလင် အရွယ်တော်၁ချောင်း၊
ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နံနံပင်အနည်းငယ်၊
ငရုတ်သီးစိမ်း၇တောင့်၊
နနွင်းမှုန့်အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်။

ငါးပြေမကို ခုတ်ထစ်ရေဆေးပြီး ဆား၊နနွင်း၊အချိုမှုန့်၊ငံပြာရည်
အနည်းငယ်တို့ နှင့် အနေတော်နယ်ထားပါ။
ဂျင်းအနည်းငယ်ကိုထောင်းထားပြီးသပ်သပ်ထားပါ၊
ကြက်သွန်ဖြူကိုလဲ ထောင်းထားပြီးသပ်သပ်ထားပါ၊
ကြက်သွန်နီနှစ်လုံးကိုပါးပါးလှီးထားပါ။

ငါးပြေမအချဉ်ဆီပြန်ဟင်း ချက်ပြုတ်နည်း

ဒယ်အိုးထဲသို့ ဆီ၅ကျပ်သားလောက် ထည့်ပါ။ဆီပူလာလျှင် နနွင်းအနည်းငယ်ထည့်ပါ။
ပြီးလျှင် ထောင်းထားပြီးသား ဂျင်းအနည်းငယ်ကို တစ်ထည့်ပါ
အနည်းငယ်ကျွပ်လာမှ ထောင်းထားပြီးသား ကြက်သွန်ဖြူကိုထည့်ပါ။
အဲဒီ၂ခုနွမ်းပြီးမွှေးလာမှ လှီးပြီးသားကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပါ။
နွမ်းလာလျှင် ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ကိုထည့်ပြီး
နယ်ထားသော ငါးပြေမများကို ထည့်ပြီးဆီသက်ပါ။
ဆီသံတဖျစ်ဖျစ်မြည်တဲ့အထိ ဆီသက်ပေးပါ။
သိပ်မမွှေနဲ့ကျေမှာစိုးလို့ပါ။
အထက်အောက် ဖြေးဖြေးစီလှန်ပေးပါ။
ပြီးရင် မန်ကျည်းရည်အနည်းငယ်ဖျော်ပြီးထည့်
ပြီးရင်စပါးလင်ကို ထုပြီးထည့်
ဟင်းရည်ဆူလာရင် ငရုတ်သီးစိမ်းကို ထည့်ပါ။
ရေခန်းပြီးဆီပြန်လာရင် အပေါ့အငံမြည်း လိုတာထပ်ထည့်ပါ။
အိုးချခါနီးရင် နံနံပင်အနည်းငယ်ကို ညှပ်ပြီးထည့်ပါ။
ကျက်ရင်စားလို့ရပါပြီရှင်! :)



ကင်မရာမရှိလို့ ဖုန်းနဲ့ရိုက်ထားတာပါ။ ပုံမကြည်လင်တာကို ဖြေ့တွေးပြီးကြည့်ပေးကြဖို့ တောင်းဆိုချင်ပါတယ်ရှင်။

0 comments:

Post a Comment