Pages

Sunday, 27 October 2013

ကြက်ကုန်းဘောင်ကြီးကြော်

ဒီနေ့ချက်မဲ့ဟင်းကတော့ ကြက်ကုန်းဘောင်ကြီးကြော် ဖြစ်ပါတယ်ရှင်!
 
ကြက်ကုန်းဘောင်ကြီးကြော်
 
 
ကြက်ကုန်းဘောင်ကြီးကြော်အတွက်လိုအပ်သောပစ္စည်းများ
 
ကြက်သားရင်အုံသားချည်း၃၀၀ဂရမ်၊
ကြက်သွန်နီဥကြီး၁လုံး၊
ကြက်သွန်ဖြူ၃မွှာခန့်၊
ငရုတ်သီးအခြောက်၁တောင့်၊
ဂျင်းလက်တစ်စစ်လောက်၊
ဆားအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်
အချိုမှုန့်အနည်းငယ်၊
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊(အဖြူမရရင် အမည်းကိုလဲ သုံးနိုင်ပါသည်)
ကော်မှုန့်အနည်းငယ်နှင့်
သကြားအနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
 
ချက်ပြုတ်နည်း
 
ကြက်သားရင်အုံသားကို ပါးပါးလှီးထားပြီး ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။ ကြက်သွန်နီဥကြီးတစ်လုံးကိုအခွံနွှာရေဆေးပြီး ၄စိတ်စိတ်ထားပြီးမွှာထားပါ။ကြက်သွန်ဖြူ ၃မွှာကိုလဲအခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ငရုတ်သီးအခြောက်တောင့် ၁တောင့်ကို ၄ပိုင်းဖြတ်ထားပါ။ ဂျင်းလက်တစ်စစ်လောက်ကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
 
ဒယ်အိုးထဲသို့ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် ၄ပိုင်းဖြတ်ထားသော ငရုတ်သီးအခြောက်ကို ကြော်ပြီးဆယ်ထားပါ။
ပြီးလျှင်နယ်ထားသောကြက်သားကိုထည့်ပါ။ အသားနည်းနည်းကျက်လာတဲ့အထိ ကြော်ပါ။
၅မိနစ်လောက်ဘဲနော်။ ပြီးရင်ဆယ်ထားပါ။
ဒယ်အိုးထဲသို့ ပါးပါးလှီးထားသော ဂျင်းကိုထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေေ
ပးပါ။ အနည်းငယ်နွမ်းလာလျှင် ပါးပါးလှီးထားသော ကြက်သွန်ဖြူကိုထည့်  ကြက်သွန်ဖြူနွမ်းလာရင် ကြော်ထားတဲ့ကြက်သားကိုထည့် ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊သကြားအနည်းငယ်၊ပဲငံပြာရေအနည်းငယ်နဲ့ ကော်မှုန့်အနည်းငယ်ကိုရေဖျော်ပြီးထည့်၊ ပြီးရင်မြည်းကြည့် လိုတာထပ်ထည့် ကြော်ပြီးဆယ်ထားတဲ့ငရုတ်သီးအခြောက်ကိုထည့် ကြက်ကုန်းဘောင်ကြီးကြော်ရပါပြီရှင်။

0 comments:

Post a Comment