ဝက်+ပဲငါးပိ အချိုချက်(သို့) တရုတ်ချက်အတွက်လိုအပ်သောပစ္စည်း
ဝက်သား၃ထပ်သား၆၀၀ဂရမ်၊
ကြက်သွန်နီဥကြီး၃လုံး၊
ကြက်သွန်ဖြူဥကြီး၂လုံး၊
ဂျင်းအနည်းငယ်၊
ဆားအနည်းငယ်၊
နနွင်းအနည်းငယ်၊
ပဲငံပြာရည်အပြစ်အနည်းငယ်
အချိုမှုန့်အနည်းငယ်၊
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊(
ငံပြာရည်အနည်းငယ်၊
သကြားအနည်းငယ်နှင့်
ပဲငါးပိအချို၂ဇွန်း(ထမင်းစားဇွ
လိုအပ်ပါတယ်ရှင်။
ဝက်+ပဲငါးပိ အချိုချက်(သို့) တရုတ်ချက်ချက်နည်း
ကြက်သွန်နီဥကြီး၃လုံးကို အခွံနွှာ ရေဆေးပြီး ၄စိတ်စိတ်ထားပါ။
ကြက်သွန်ဖြူ၆မွှာခန့်ကို အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။
ကျန်သောကြက်သွန်ဖြူများကို အခွံနွှာ ရေဆေးထားပါ။
ဂျင်းအနည်းငယ်ကိုလည်း အခွံနွှာ ရေဆေးပြီး ထောင်းထားပါ။
ဝက်သား၃ထပ်သား၆၀၀ဂရမ်ကိုရေဆေြး
(အမြန်ဝက်သားကိုအိစေချင်လျှင် ရှာလကာရေအနည်းငယ်ထည့်ပြီး နယ်ထားနိုင်ပါသည်)
ဒယ်အိုးထဲသို့ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။
ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူနှင့်ဂျင်းထည့်ပါ။
အနည်းငယ်နွမ်း၍မွှေးလာလျှင် နယ်ထားသောဝက်သားကိုထည့်ပြီးဆီသက်ပါ။
အသားကျက်၍မွှေးလာလျှင် ရေကိုအသားမြုပ်ရုံထည့်ပြီး မီးအေးအေးနှင့်တည်ပါ။
ဝက်သားမရင့်လျှင်၂ရေနှင့် အိပါသည်။
ဆိုဖီကတော့ ထမင်းပေါင်းအိုးထဲကိုထည့်ပြီး ရေကိုအသားမြုပ်ရုံထည့်ပြီးတည်ထာ
အရေခမ်းပြီး အသားနူးခါနီးအချိန်ကျမှ ၄စိတ်စိတ်ထားသော ကြက်သွန်နီများ၊အခွံနွှာ ရေဆေးထားသောကြက်သွန်ဖြူများကို
ဟင်းကျက်သောအခါ အရည်လဲခမ်း အဆီလဲပြန်ပြီး ကြက်သွန်နီပုံမပျက် ကြက်သွန်ဖြူနံ့လေးမွှေးနေခါ ခပ်နူးနူးချိုချိုလေးနဲ့ အရမ်းကိုစားလို့ ကောင်း တဲ့ဟင်း၁ခွက်ကိုရရှိမှာ ဖြစ်ပါတယ်။
တချို့အရပ်ဒေသများတွင် တခါတည်းလုံးပြီးချက်ကြပါတယ်။
ချက်နည်းတွေကတော့ ဒေသအလိုက် ကွာခြားမှုတွေ ရှိနိုင်ပါတယ်။
ဖန်စီဝိုင်းတော်သားများအားလုံး
ဆိုဖီ
0 comments:
Post a Comment