ဒီနေ့အဖို့ ဆိုဖီတို့ ဟင်းမချက်စားဘဲ ထမင်းမြိန်အောင် ပုဇွန်ဂွက်ကြော်သုပ်လေး သုပ်စားကြရအောင်နော်!
ပုဇွန်ဂွက်ကြော် ကြော်နည်း
ဆန်မှုန့်တစ်ဆခွဲ၊
ပဲစိမ်းမှုန့်တစ်ဆကို
ရေ၂ဆနှင့်ရောပါ။
ဆားနည်းနည်း၊
အချိုမှုန့်နည်းနည်း၊
ဆနွင်းနည်းနည်း၊
ဆော်တာနည်းနည်းနဲ့
ရောမွှေပြီး မုန့်နှစ်လုပ်ပါ။
ပဲပင်ပေါက်၁၀သား၊
ပုစွန်ဘောဂျိတ် ၆ကောင်
ဆီတစ်ဆယ်သားခန့်ကို ဒယ်အိုးထဲထည့်ပြီး
ဆီပူအောင်ထားပါ။
မုန့်နှစ်ကို ပဲပင်ပေါက်နဲ့နယ်ပြီး ပန်းကန်ပြားသေးသေးထဲကိုထည့်ပါ။
အပေါ်က ပုဇွန်၂ကောင်ကိုတင် မီးအေးအေးနဲ့ ကြော်ပါ။
၃ခုဆိုရင် တစ်ခါသုပ်အဝစားလို့ ရပါတယ်ရှင်။
ပဲစိမ်းမှုန့်တစ်ဆကို
ရေ၂ဆနှင့်ရောပါ။
ဆားနည်းနည်း၊
အချိုမှုန့်နည်းနည်း၊
ဆနွင်းနည်းနည်း၊
ဆော်တာနည်းနည်းနဲ့
ရောမွှေပြီး မုန့်နှစ်လုပ်ပါ။
ပဲပင်ပေါက်၁၀သား၊
ပုစွန်ဘောဂျိတ် ၆ကောင်
ဆီတစ်ဆယ်သားခန့်ကို ဒယ်အိုးထဲထည့်ပြီး
ဆီပူအောင်ထားပါ။
မုန့်နှစ်ကို ပဲပင်ပေါက်နဲ့နယ်ပြီး ပန်းကန်ပြားသေးသေးထဲကိုထည့်ပါ။
အပေါ်က ပုဇွန်၂ကောင်ကိုတင် မီးအေးအေးနဲ့ ကြော်ပါ။
၃ခုဆိုရင် တစ်ခါသုပ်အဝစားလို့ ရပါတယ်ရှင်။
ပုဇွန်ဂွက်ကြော် သုပ်နည်း
ဂေါ်ဖီနည်းနည်း ပါးပါးလှီးပါ။
ငရုတ်သီးစိမ်းသုံးတောင့် ပါးပါးလှီးပါ။
ရှောက်ရွက်တစ်ရွက် ပါးပါးညှပ်ပါ၊
နံနံပင်နည်းနည်း ပါးပါးညှပ်ပါ၊
ပဲကျက်မှုန့်နည်းနည်း၊
ငရုတ်ကျက်မှုန့်နည်းနည်း၊
အချိုမှုန့် နည်းနည်း၊
ဖျော်ထားတဲ့အချဉ်ရည် ကြည့်ထည့်ပါ၊
ငံပြာရည်နည်းနည်း ထည့်ပြီးရောနယ်ပါ
အပေါ့အငံမြည်းပြီးမှညှပ်ထားတဲ့ ပုဇွန်ဂွက်ကြော်ကိုထည့်နယ်ပါ။
ငရုတ်သီးစိမ်းသုံးတောင့် ပါးပါးလှီးပါ။
ရှောက်ရွက်တစ်ရွက် ပါးပါးညှပ်ပါ၊
နံနံပင်နည်းနည်း ပါးပါးညှပ်ပါ၊
ပဲကျက်မှုန့်နည်းနည်း၊
ငရုတ်ကျက်မှုန့်နည်းနည်း၊
အချိုမှုန့် နည်းနည်း၊
ဖျော်ထားတဲ့အချဉ်ရည် ကြည့်ထည့်ပါ၊
ငံပြာရည်နည်းနည်း ထည့်ပြီးရောနယ်ပါ
အပေါ့အငံမြည်းပြီးမှညှပ်ထားတဲ့ ပုဇွန်ဂွက်ကြော်ကိုထည့်နယ်ပါ။
အချဉ်ရေဖျော်နည်း
ငရုတ်ဆီတစ်ဆ
မန်ကျည်းသီးကွမ်းသီးလုံးလောက် ၂လုံးစာကို
ရေနဲ့ဖျော်နှစ်ဆဖျော်ပြီး
ဆားနည်းနည်း၊
အချိုမှုန့်နည်းနည်း၊
ငရုတ်ဆီက သကြားမပါရင် သကြားနည်းနည်း၊
ဂျင်းလက်တစစ်၊
ကြက်သွန်ဖြူ၃မွှာ၊
နံနံပင်နည်းနည်းကိုညှပ်ထည့်ပါ။
အဲဒါတွေအားလုံးကို ရောပြီး ဘလန်တာနဲ့ကြိတ်ပါ။
မန်ကျည်းသီးကွမ်းသီးလုံးလောက်
ရေနဲ့ဖျော်နှစ်ဆဖျော်ပြီး
ဆားနည်းနည်း၊
အချိုမှုန့်နည်းနည်း၊
ငရုတ်ဆီက သကြားမပါရင် သကြားနည်းနည်း၊
ဂျင်းလက်တစစ်၊
ကြက်သွန်ဖြူ၃မွှာ၊
နံနံပင်နည်းနည်းကိုညှပ်ထည့်ပါ။
အဲဒါတွေအားလုံးကို ရောပြီး ဘလန်တာနဲ့ကြိတ်ပါ။
အချဉ်ရည် ရပါပြီရှင်!
စာဖတ်သူအားလုံး ထမင်းမြိန်ကြပါစေရှင်!
0 comments:
Post a Comment